April 19ကတည်းက မှန်သားတို့ ကျောင်းပြန်တက်နေရပြီဖြစ်သည်။ယနေ့ ကျောင်းဝတ်စုံအတွက် အပ်ချုပ်သမများက ကိုယ်တိုင်းလာယူနေကြ၍ ရုံးခန်းရှေ့တွင် ကျောင်းသားများစုရုံးစုရုံးဖြစ်နေကြ၏။
ကိုယ်တိုင်းယူသူက မိန်းမငယ်လေးဖြစ်သည့်အပြင် လှပပြေပြစ်သူမို့ ယောကျ်ားလေးများမှာ အလွန်တက်ကြွနေတော့သည်။
" ချစ်စရာလေးဟေ့"
" ဆံပင်အရှည်လေးနဲ့ ကျက်သရေရှိလိုက်ပါဘိ"
" အေးကွ ရုပ်ကလေးကလည်းချောပါ့"
" ဒါတင်ပဲလား လည်ပင်းဘယ်လောက်၊ ခါးဘယ်လောက် လှမ်းပြောတဲ့အသံလေးကိုက နားဝင်ပီယံရှိလိုက်ပေခြင်း"
အချင်းချင်း ခပ်တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်မျိုးဖြင့် ကိုယ်တိုင်းယူသူ မိန်းကလေးအကြောင်းမှာ သတင်းမွှေးပျံ့နေတော့၏။
ရာရာ ကိုယ်တိုင်းပေးသည့်အစ်မကို လှမ်းအကဲခတ်ကြည့်တော့ ပြုံးပြုံး ပြုံးပြုံးဖြင့် အလုပ်စေ့စပ်စွာလုပ်နေသည့် မိန်းမချောလေးတစ်ဦး...
အသားဖြူဖြူ မျက်ခုံးပေါ်ပေါ်နှင့် ဆံပင်ရှည်ရှည်မို့ အိန္ဒြေရပြီးယဉ်စစရှိတာတော့အမှန်ပင်။
အမူအရာနှင့်အပြုအမူအရလည်း အေးဆေးသိမ်မွေ့ပြီး သဘောကောင်းမည့်ပုံတော့ပေါ်သား...
" ကဲ နောက်တစ်ယောက်..."
ရာရာတို့အဖွဲ့တွင် ရာရာက ရှေ့ဘက်ကျသဖြင့် အလျင်အတိုင်းယူခံရသည်။
ရာရာရှေ့တိုးသွားချိန် ထိုအစ်မက အပိုစကားမဆိုဘဲ တိတိကျကျပင် အေးဆေးစွာ ကိုယ်တိုင်းပေးလာသည်။
" ခါး 32 လက်မ ကဲ နောက်တစ်ဦးနော် "
သုံးမိနစ်ခန့်မျှသာ ရာရာကို ကိုယ်တိုင်းပြီးနောက် အလှည့်ကျသူက မှန်သားပင်။
" အစ်မ ခဏ "
ရာရာက စောစောလေးကပင် ကိုယ်တိုင်းပြီးသွား၍ ထွက်ခွာရန်ပြင်ပြီးမှ နောက်ကြောင်းပြန်လှည့်ကြည့်လာသည်။
" ဟင် ဘာလို့လဲမောင်လေး "
ရှေ့ထွက်လာသည့် မှန်သားသာမက ကိုယ်တိုင်းတော့မည့် မိန်းကလေးပါ ယောင်နနလေးဖြစ်သွားကာ ရာရာကို ပြန်ကြည့်မိတော့ ရာရာက စပ်ဖြဲဖြဲလေးပြုံးပြရင်း...
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...