"ဟာ ဆရာ !!! ဆရာ ပြန်လာပြီဟုတ်လား"
ကားတံခါးဖွင့်ပေးကာ ပြာပြာသလဲ ဝါးနေသောကွမ်းအား ထွေးထုတ်လိုက်၏။ထိုနောက် သျှင်ခ အား အံ့ဩပျော်ရွှင်သော အကြည့်ဖြင့် ကြည့်လျက်"ဆရာ မရှိတဲ့ကာလပတ်လုံး တိုက်က တော်တော် အဆင်မပြေဘူးဆရာ"
သျှင်ခသည် ကားပေါ်မှ ဆင်းလာသည်။နေကာမျက်မှန်ကို ချွတ်လျက် အလုပ်သမားဖြစ်သူ၏ ပုခုံးအား ပုတ်လျက် ပြုံးပြလိုက်၏။
ထို့နောက် မန်နေဂျာအခန်းတွင်းမှ လရောမ်၏ ပြောစကားများကို နားထောင်နေလေ၏။ထို့နောက်
ဘေးပုံးထဲတွင်ထည့်ထားပုံထားလျက်ရှိသော စာအုပ်တစ်အုပ်အား ကိုင်ကြည့်လိုက်၏။ဘေးတွင်း ကြောင်အမ်းအမ်းဖြစ်နေသော အလုပ်သမားများအား ပြုံးပြလျက်
"ငါမရှိတုန်းတော့ စာအုပ်ကို သေချာလုပ်ထားတာပဲ"
စာအုပ်ကို လှည့်ကာ အားပါပါဖြင့် မန်နေဂျာ အခန်းရှိရာ တည့်တည့်သို့ လှမ်းပစ်လိုက်၏။ကာထားသောမှန်သည် ကြေမွသွား၏ ။ထိုအဖြစ်အပျက်ကို ကြည့်နေသော အလုပ်သမားများသည် သျှင်ခ၏ ပြုပုံများကို ကြည့်ကာ လန့်နေကြ၏။
ဇိန်သည်နဖူးတွင် တွင်တွင်ကျနေသော သွေးများအား သုတ်လျက် အခန်းပြင်သို့ မှန်ကွဲရာ မျက်နှာစာမှ လှမ်းကြည့်လိုက်၏။
လရောမ်သည်လည်း အံ့ဩသောမျက်နှာထားဖြင့် သျှင်ခကို လှမ်းကြည့်လိုက်၏။ ထို့နောက် ထိုင်ခုံမှာ ချက်ချင်းထားကာ ပုဆိုးကို သေချာပြန်၀တ်လျက် စားပွဲပေါ်မှာ အရက်ပုလင်းများကို အ၀တ်ဖြင့် အုပ်လိုက်လေ၏။
"ဟေ့ ဇိန့်ကို ဆေးခန်းလိုက်ပို့လိုက်။ကျန်တဲ့သူတွေ အနောက်မှာ သွားနေကြ ငါ လရောမ်နဲ့ ပြောရမယ့်စကားက ကြာနိုင်တယ်။"
လရောမ်သည် မြိုမကျသော တံထွေးအာူ အတင်း မြိုချနေရ၏။ သောက်ထားသောအရှိန်ကြောင့်မဟုတ်သော ကြောင်လန့်သောအရှိန်ကြောင့်ဖြစ်နေသော ချွေးများ နဖူးတွင် စီးကျလျက်ရှိ၏။ထို့ပြင် သူ့ပုံစံသည် အပြစ်လုပ်ထားသကဲ့သို့ဖြစ်နေလေ၏။
ဇိန်သည် သျှင်ခကို မြင်သောအခါ၌ပင် အံ့ဩပျော်ရွှင်လေသည်။ထို့နောက် သျှင်ခပူံစံကို ကြည့်ကာ တွေးနေမိသည်။
YOU ARE READING
The Cloud
Romanceတိမ်ဆိုမှတော့ တိမ်လိုပါပဲအကို သူ မရှိတဲ့နောက် ဖြစ်တည်လာတဲ့ တိမ် ပေါ့