ဒီဇင်ဘာလ၊ ၂၀၁၅ ခုနှစ်
ရန်ကုန်မြို့
~It's been a long day without you, my friend
And I'll tell you all about it when I see you again
We've come a long way from where we began
Oh, I'll tell you all about it when I see you again
When I see you again~"ဟဲလို"
"ဟေ့ကောင် ကောင်းကြီး၊ မင်းကျူရှင်တက်နေပြီလား"
"ငါဟို တလောကမှ နယ်ကပြန်လာတာလေကွာ၊ ဘယ်တက်ရဦးမလဲ သားကြီးရ"
"ဒါဆို ငါတို့အိမ်က ကျူရှင်တွေနဲ့ ဝေးတော့ ကျောင်းသွားတာနဲ့၊ ကျူရှင်သွားတာနဲ့ လမ်းမှာပင်ပန်းတယ်၊ အဲ့တာ ငါ့အကို ရဲ့သူငယ်ချင်း ကျောင်းက pathology assistant lecturer (ရောဂါဗေဒ လက်ထောက်ကထိက) တစ်ယောက်ကို အိမ်မှာ guide သဘောခေါ်သင်ခိုင်းမလို့၊ ငါတစ်ယောက်ထဲကျ မတက်ချင်ဘူးကွ၊ မင်းနဲ့ အိမ်နီးတော့ အဖော်စပ်ကြည့်တာ၊ ဘယ်လို သေဘောရလဲ"
ကောင်းကင်၏ ငယ်သူငယ်ချင်း ဇေယျာက ဖုန်းဆက်ပြီး ကျူရှင်တက်ဖို့ အဖော်စပ်နေခြင်းဖြစ်သည်။ ဆေးကျောင်းရောက်သော်လဲ ကျူရှင်မယူဘဲနေ၍မရ။ တက္ကသိုလ်ကျောင်းသားများပီပီ အတန်းချိန်များ လစ်ကာ လျောက်သွားခြင်း၊ အတန်းထဲတွင် အိပ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ စကားများခြင်း အမှုများနှင့် နေ့စဉ် မအားလပ်နိုင်သဖြင့် ကျောင်းသွားသာ သွားနေရသည် မည်သည့်စာသင်လိုက် သည်က မသိတာများသည်။ သို့သော် စာမေးပွဲတွေကျ မအောင်လို့မရ။ တစ်နှစ်ကျသည်နှင့် သူငယ်ချင်းများနှင့် ဘွဲ့တူတူ မယူရသည့်အတွက်ကြောင့် စာမေးပွဲတော့ အောင်ချင်ကြသည်။ ထို့ကြောင့်လဲ ဆေးကျောင်းသားနှင့် ကျူရှင်မှာခွဲထုတ် မရပေ။
"ကောင်းသားပဲကွ၊ guide အကို နာမယ်က ဘယ်သူတုန်း"
"မင်းမျိုးနွယ်"
"ငါဒီနာမယ်ကြီး ကြားဖူးသလိုပဲ"
"ကြားဖူးမှာပေါ့ အရမ်းခန့်တယ်ဆိုပြီး ကျောင်းသူတွေကြားထဲမှာ နာမယ်ကြီးပဲကို"
"အဲ့လိုမဟုတ်ဘူးကွ၊ ငါလဲ မပြောတတ်ဘူးကွာ၊ ရင်းရင်းနှီးနှီးကြီးကိုပဲ ကြားဖူးနေတာ"
VOUS LISEZ
Accidental Love
Roman d'amourသာသာ အလုပ် တစ်ဖက်နဲ့မို့ update မမှန်နိုင်တာ ကြိုပြီးတောင်းပန်ပါတယ်။ အချိန်ပေးပြီး ဖတ်ပေးတဲ့ အယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ Henery