Unicode
စုံတွဲထွက်ခွါသွားပြီးနောက် ထိုနေရာမှာကျန်ခဲ့တဲ့သတင်းထောက်တွေရဲ့သက်ဝင်လှုပ်ရှားတဲ့ စကားသံတွေက ထွက်ပေါ်လာတော့တယ်။
"ဘာတွေဖြစ်သွားတာလဲ? အဲ့ဒီ့လူက ဒန်နီရယ်မိုကို ရည်ရွယ်ချက်ရှိရှိ တွန်းချပစ်လိုက်တာလား? သူက သောက်ရူးမို့လို့လားဟေ?"
ကင်မရာသမားတစ်ယောက်က ဖြစ်ပျက်သွားတဲ့အရာကိုတွေ့ပြီး ကြက်သေသေကာ ထမေးတယ်။
သူ့ကင်မရာထဲမှာအကုန်လုံးကိုရိုက်ကူးထားမိပြီး ထိုလူက ဒန်နီရယ်ဆူလန်မိုကို တမင်သက်သက်တွန်းထုတ်ပစ်လိုက်တယ်ဆိုတာ သေချာတယ်။
"သေချာပေါက် သူကရူးနေတာပဲ! အခု ငါတို့ကို သူ့ရဲ့ရူးနှမ်းမှုထဲကိုပါ ဆွဲသွင်းနေပြီ! အဲ့ဒီ့လူက ဘယ်သူလဲဟ? ဘယ်သတင်းတိုက်က လာတာလဲ?"
အမျိုးသမီးတစ်ယောက်က နောက်လှည့်ကာ ပျောက်ခြင်းမလှပျောက်ကွယ်သွားပြီဖြစ်တဲ့ ထိုလူကို ရှာရင်း ဒေါသတကြီးပြောတယ်။
"ဘယ်ကုမ္ပဏီကမှ မဟုတ်ဘူး။ဒီနေရာကလူတွေတစ်ယောက်မှ သူ့ကိုမသိကြဘူး..ဒါပေမဲ့ ခင်ဗျားပြောတာမှန်တယ်! ငါတို့အားလုံးဘဝပျက်ပြီ! နေပါဦး..ခုနတုန်းက ငါ့ကိုနောက်ကနေ အတင်းတွန်းတာဘယ်သူလဲ? မင်းလား?"
နောက်ထပ် ယောကျာ်းတစ်ယောက်က တခြားတစ်ယောက်ကို လက်ညှိုးထိုးရင်း စွပ်စွဲတယ်။
"ဘာသောက်စကားပြောတာလဲကိုယ့်လူရ! ငါ ဘယ်သူ့ကိုမှမတွန်းဘူး..တစ်ယောက်ယောက်ကပဲ ငါ့ကိုတွန်းသွားတာ" နောက်လူတစ်ယောက်က မျက်မှောင်ကြုတ်ရင်း ပြန်ပြောတယ်။
"အခုမှ ငြင်းခုံနေလို့လဲဘာမှမထူးတော့ဘူး..ငါ့တို့ဘဝက အခုလေးတင်ရေစုံမျောသွားပြီ။ ဒါပြီးရင် ငါတို့အလုပ်မပြုတ်ဖို့သာ ဆုတောင်းကြတော့"
နောက်အမျိုးသမီးတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ဝင်ပြောတယ်။သူမတို့ရဲ့ကုမ္ပဏီကိုပေးသွင်းလာတဲ့ ကိုယ်ဝန်သတင်းကို အတည်ပြုဖို့ပဲ ဒီကိုလာခဲ့တာ..ဒါပေမဲ့ ခုနဖြစ်သွားခဲ့တာက ပြန်ပြင်လို့မရတော့တဲ့ ရှုပ်ထွေးမှုကြီးဆိုတာတော့ သူမ ဝန်ခံတယ်။
YOU ARE READING
ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]
ActionAll credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်း...