Part 48-ကျေးဇူးပြုပြီးပြန်ပါ!

4.5K 645 4
                                    

Unicode

အခုချိန်မှာ ဒန်နီရယ့်ကို သူက ဘယ်လိုလူမျိုးလဲဆိုတာ ထုတ်မပြနိုင်သေးဘူး။ဒန်နီရယ့် သူ့ကိုဘယ်လောက်ချစ်မှန်းသိပေမဲ့ အဲ့ဒါက သူဖော်ပြရွေးချယ်ထားတဲ့ တစ်ဖက်ခြမ်းလေ။

မိုလောင်ထရန်းက ဒီလိုလူမျိုးဆိုတာ ဒန်နီရယ် လက်မခံနိုင်ရင်ဘယ်လိုလုပ်မလဲ? လူတစ်ယောက်ကိုသတ်ဖို့ မျက်တောင်တောင်မခတ်တဲ့လူမျိုးဆိုတာ..ဒန်နီရယ်က သူ့ရဲ့အမှောင်ဘက်ခြမ်းကို လက်မခံနိုင်ဘဲ ထားသွားရင်ဘယ်လိုလုပ်မလဲ? အဲ့ဒါကို လောင်ထရန်းက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။

မတတ်သာတဲ့အဆုံး သူ့ဝင်သက်ထွက်သက်အောက်ကနေ ထွက်မပြေးနိုင်တဲ့နေရာတစ်ခုမှာ အိုမီဂါလေးကို သူ ဖမ်းချုပ်နှောင်ထားမိမှာ စိုးရိမ်မိတယ်။အဲ့လိုမျိုးမလုပ်ချင်ပေမဲ့ ဒန်နီရယ်သာ သူ့ကိုထားသွားမယ်ဆိုရင် လောင်ထရန်းက သေချာပေါက် ရူးပြီး ထင်ရာတွေလျှောက်လုပ်မိလိမ့်မယ်။

"ပြီးသွားရင် သူ့ကိုတစ်နေရာမှာ သွားပစ်ထားလိုက်" လောင်ထရန်းက အမိန့်ပေးပြီး ဖုန်းချလိုက်တယ်။ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး သူ့ဆီပြေးလာတဲ့ ဒိုင်အန်းလိုပက်ဇ်ကို ကြည့်လိုက်တယ်။

"လောင်ထရန်း..အမေ့သားလေးဘာဖြစ်သွားသေးလဲ?" ဒိုင်အန်းက လောင်ထရန်းဆီရောက်တာနဲ့ ချက်ချင်းမေးလိုက်တယ်။

"မင်းရောအဆင်ပြေရဲ့လား? မင်မင်လေးရောဘယ်မှာလဲ?" သူမက အယ်လ်ဖာကိုတစ်ချက်ပွေ့ဖက်ပြီးမှ စိုးရိမ်စွာ ထပ်မေးလိုက်တယ်။

"လွမ်မင်နဲ့ကျွန်တော်က အဆင်ပြေပါတယ် အမေ။အခု လွမ်မင်က ဒန်နီရယ့်ဘေးမှာအိပ်နေတယ်။အမေနဲ့အဖေလည်းအထဲမှာရောက်နေကြတယ်"

လောင်ထရန်းက ယဉ်ကျေးစွာပြန်ဖြေရင်း အမျိုးသမီးကြီးဝင်ဖို့တံခါးကိုဖွင့်ပေးလိုက်တယ်။

"ဘုရားမလို့..ကလေးလေးတွေရော?" သူမက ထပ်မေးရင် အထဲအမြန်ဝင်သွားတယ်။

ဒန်နီရယ်ကအိပ်ရာပေါ်မှာလှဲနေပြီး လော်ရာနဲ့ချန်တုံးနဲ့အတူ စကားပြောနေတာကိုတွေ့လိုက်ရတော့ ဒိုင်အန်းက မျက်ရည်စတွေနဲ့ပြည့်လျှံလာခဲ့တယ်။သူမက မြန်မြန်ပြောင်အောင်သုတ်လိုက်ပြီး ဒန်နီရယ်အနားတိုးသွားလိုက်တယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Donde viven las historias. Descúbrelo ahora