Part 49-ကိုယ်တော့သေပြီ။

6.1K 795 23
                                    

Unicode

"မစ္စချိုင်း..ကျွန်တော်တို့ရဲ့ဧည့်သည်ဖြစ်တဲ့ မစ္စချိုင်းကို မလေးမစားမလုပ်ချင်ပေမဲ့ မစ္စချိုင်းက ဒီလိုဆက်ပြုမူပြီး ကျွန်တော်တို့ရဲ့အလုပ်သမားတွေကို ရိုင်းပျစွာဆက်ဆံနေမယ်ဆိုရင်တော့ မတတ်သာတဲ့အဆုံး မစ္စချိုင်းကိုပြန်ဖို့ ကျွန်တော် တောင်းဆိုရပါလိမ့်မယ်"

ဗရော်နီကာကို အေးအေးဆေးဆေးပြောလိုက်ပြီးနောက် အိမ်တော်ထိန်းကြီးက ဘီတာအလုပ်သမားလေးကို ထွက်သွားခွင့်ပေးလိုက်တယ်။

စံအိမ်ကို များသောအားဖြင့် ဧည့်သည်များများစားစားမလာတတ်ပေမဲ့ လာတဲ့ဧည့်သည်တိုင်းကလည်း ဗရော်နီကာလိုမဟုတ်ဘဲ အမြဲတမ်းယဉ်ယဉ်ကျေးကျေးပြုမူလေ့ရှိတယ်။

အိမ်တော်ထိန်းကြီးရဲ့ စကားကိုကြားပြီးတော့ ဗရော်နီကာရဲ့မျက်နှာက ဦးနှောက်တစ်ခုလုံးပေါက်ထွက်တော့မလို ဒေါသနဲ့ရွံရှာမှုကြောင့် မာထန်သွားတယ်။ဒီလိုအစေခံအိုကြီးက အနာဂတ်မစ္စမိုဖြစ်တဲ့ သူမကို ပြန်ဖို့တောင်းဆိုရဲတယ်?ဒီစံအိမ်ရဲ့ အနာဂတ်သခင်မကို?

"အ-အတင့်ရဲပြီးတော့ ကျွန်မကိုပြန်ဖို့ပြောရဲတယ်ပေါ့! အဲ့ဒီ့အလုပ်သမားမကို သူ့အလုပ်သူ သေချာလုပ်ဖို့လောက်ပဲ ကျွန်မပြောခဲ့တာ..လက်ထပ်ပြီးလို့ ဒီမိသားစုထဲ ကျွန်မရောက်လာတဲ့အခါ ဒါတွေအကုန်လုံးက ကျွန်မအပိုင်ဖြစ်လာလိမ့်မယ်။ကျွန်မ အစေခံတွေရဲ့လုပ်ရပ်ကိုပြင်ပေးဖို့က ကျွန်မရဲ့တာဝန်ဖြစ်လာမှာ..ပြီးတော့ ကျွန်မသာဆန္ဒရှိရင် သူမရော ရှင့်ကိုပါ အလုပ်ထုတ်ပစ်လိုက်လို့ရတယ်။အခု ရှင်က ဒီစံအိမ်ရဲ့အနာဂတ်သခင်မကို မလေးမစားလုပ်ရဲသေးတယ်လား?"

ဗရော်နီကာက ဒေါသတကြီး အော်ဟစ်ကာ မတ်တပ်ရပ်ပြီး အိမ်တော်ထိန်းကြီးကို ဒေါသနဲ့ဆူပွက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။အစေခံသာသာလောက်က သူမကိုဒီလိုအရှက်ခွဲလိမ့်မယ်လို့ မထင်ထားဘူး။

"မစ္စချိုင်းက မကြာခင်မှာလက်ထပ်ပြီးရင် ဒီမိသားစုဝင်တစ်ယောက်ဖြစ်လာမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ဒါပေမဲ့ အခုလက်ရှိမှာတော့ မဟုတ်သေးပါဘူး။မစ္စချိုင်းက ဘယ်သူနဲ့မှလက်မထပ်ရသေးဘူး။ဒါကြောင့် ဒီအိမ်ကလူတစ်ယောက်ကိုမှ မလေးမစားပြုလုပ်ခွင့်မရှိပါဘူး..အလုပ်သမားပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်။ပြီးတော့ သခင်လေးဒန်နီရယ် ဒီနေရာမှာမရှိရင်တောင်မှ သခင်လေးရဲ့နာမည်ကို မစ္စချိုင်း မလေးမစားမသုံးနှုန်းသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ဒါကြောင့် မစ္စချိုင်းနားလည်ပြီဆိုရင် ကျေးဇူးပြုပြီးပြန်ပါ..မဟုတ်ရင် လုံခြုံရေးကိုခေါ်ပြီး မစ္စချိုင်း ပြန်မဲ့လမ်းကို ပြခိုင်းရပါလိမ့်မယ်"

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now