Part 50-ဒယ်ဒီနဲ့ဖေဖေနဲ့တူတူအိပ်ချင်တယ်။

8.1K 809 58
                                    

Unicode

"အရူးကောင်! မင်း အစ်ကိုရဲ့ဇနီးနဲ့ဘာလို့လိုက်ပြိုင်နေရတာလဲ?"

အီရန်က ဟန်လုရဲ့ပခုံးကို ရိုက်ပစ်လိုက်တယ်။ဟန်လုက သူ့ရဲ့အစ်ကိုကြီးကိုချစ်တယ်ဆိုတာ အီရန်သိထားပေမဲ့ မိုလောင်ထရန်းဆီက အာရုံစိုက်မခံရတာနဲ့တင် အယ်လ်ဖာက ဒန်နီရယ့်ကိုအဲ့လိုနောက်ပြောင်ခြင်းပြုရသလား?

"အဲ့ဒါ အကိုကြီးရဲ့အမှားပဲ..သူက အိမ်ထောင်သည်ဘဝမှာဘယ်လောက်ပျော်နေကြောင်း တစ်ချိန်လုံး ကြွားလုံးထုတ်နေတာကို။ပြီးတော့ မင်မင်လေးကလည်း အရမ်းချစ်ဖို့ကောင်းတော့ သူ့လိုကလေးလေးတွေထပ်ပွါးချင်လို့"

ဟန်လုက နှုတ်ခမ်းစူပြီးပြောတယ်။ဟန်လုရဲ့စကားကိုကြားပြီး အီရန့်ကသူ့မှာခေါင်းတစ်လုံးထပ်ထွက်လာသလို ခံစားလိုက်ရပြီး ရုတ်တရပ်ဘာပြန်ပြောရမှန်းမသိတော့ပါဘူး။

"ဒါပေမဲ့ ဒန်နီရယ်က တကယ်ကြီးအမြွှာလေးကို ကိုယ်ဝန်ရှိလိမ့်မယ်လို့မှ မထင်တာ..အဲ့ဒါကိုယ့်အမှားမှမဟုတ်တာကို"

ဟန်လုက စိတ်ကောက်သလိုထပ်ပြောတယ်။အစကတည်းက အကိုကြီးက သူ့လက်ကိုဝေးဝေးမှာထားမယ်ဆိုရင် ဒန်နီရယ် ကိုယ်ဝန်ရစရာ အကြောင်းမရှိဘူး။ဒါကြောင့် အဲ့ဒါက ဟန်လုရဲ့အမှားမဟုတ်ပါ။အစ်ကိုကြီးက သူ့ကိုအပြစ်မတင်သင့်ဘူး။

"....." ဒေါပွပြီး ဒန်နီရယ်ကနားထင်ကို လက်နဲ့နှိပ်နယ်ကာ သက်ပြင်းချလိုက်တယ်။

"ပြီးတော့ အခု ကိုယ်မင်မင်လေးကို မပွါးချင်တော့ပါဘူး..ကိုယ့်မှာမင်းရှိနေပြီလေ။စဉ်းစားကြည့်မယ်ဆို ကိုယ်တို့နှစ်ယောက်က ဒီ့ထက်ပိုပြီး ချစ်စရာကောင်းတဲ့ကလေးကို ဖန်တီးနိုင်ပါတယ်..ကိုယ့်ရဲ့ချောမောတဲ့ သားကိုပဲကြည့်လိုက်..ကိုယ်တို့နှစ်ယောက်က မွေးလာမဲ့ သမီးလေးသာဆိုအများကြီးပိုချစ်ဖို့ကောင်းမှာ သေချာတယ်"

ဟန်လုက စိတ်လှုပ်ရှားစွာပြောတော့ တစ်ဖက်ကအီရန်က အယ်လ်ဖာရဲ့ကြောက်မက်ဖွယ်အကြံဉာဏ်ကိုကြားပြီး အသံထွက်လာတော့တယ်။

"ဘုရားရေ! အခု ငါမင်းကိုလက်ထပ်မိတာကို နောင်တရတော့မယ်ထင်တယ်"

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Место, где живут истории. Откройте их для себя