Part-14

1.2K 78 16
                                    

ပန်းခြံထဲကနေ ကားဆီကို သွားနေတဲ့ လမ်းတစ်လျှောက် လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထား၏။

"Phi Baii လွှတ်ပါအုံး..."

"ပါးစပ်ပိတ်ပြီး ကိုယ့်နောက် လိုက်ခဲ့..."

"ဟင်..."

"ဘာမှပြန်မမေးနဲ့ Babe..."

ခုနက ကောင်းကောင်းမွန်မွန်ပြောနေသူက ဘာဖြစ်သွားမှန်း မသိတော့။ကားတံခါးဖွင့်ပေးပြီး ကားပေါ်တက်ဖို့ မေးဆတ်ပြ၏။

"တက် ကားပေါ်...."

"...."

ရုပ်တည်နေတဲ့သူက အပြုံးအရယ်မရှိတဲ့အပြင် မျက်ခုံးတွေကိုလည်း တွန့်ချိုးထားသေး၏။ Win ကားပေါ်ရောက်တာတော့ ဘေးနားမှာ ဝင်ထိုင်ပြီး ပါလာတဲ့ Driver ကို မောင်းဖို့ လှမ်းပြော၏။လက်တွေကိုတော့ မလွှတ်သေး...။အားနဲ့ ဆုပ်ကိုင်ခံထားရတာမို့ လက်တွေလည်း နာကျင်လာတာကြောင့် မသိမသာ ရုန်းမိ၏။

"နာနေပြီ.... "

အဲ့တော့မှ လက်ကို လွှတ်ပေးပြီး ဆွဲယူကာ သူဆုပ်ကိုင်ထားလို့ နီရဲနေတဲ့ နေရာကို ကြည့်၏။

"Sorry...ကိုယ်..."

Win သူ့လက်ထဲက ရုန်းထွက်ပြီး ခေါင်းဘဲ ငုံနေလိုက်တော့၏။အလိုမကျဖြစ်နေတဲ့သူရဲ့ မျက်နှာကို ဆက်မကြည့်လိုတော့။အခုမှ တောင်းပန်ဖို့ သတိရသလား....။

"ရ..ရပါတယ်..."

"သဝန်တိုတယ်..."

"ဟင်..."

"အတူတူရှိနေတာကို မကြိုက်ဘူး..."

"...."

"သဝန်တိုလွန်းလို့ တစ်ခုခု လုပ်ပစ်ချင်တယ်...ပြီးတော့ ကိုယ့်ရှေ့ရောက်လို့ စကားအများကြီး မပြောတော့တာကိုလည်း သဘောမကျဘူး..."

"ဟို..."

"ကိုယ့်ကြောင့် ပြုံးနေတာကိုဘဲ မြင်ချင်တာ..."

Leader ကြီးကို မသိမသာ လှည့်ကြည့်မိတော့ သူ့ကို ကြည့်မနေဘဲ အရှေ့ကိုသာ တည့်တည့်စိုက်ကြည့်နေ၏။

"ဘယ်လိုလုပ်ရမလဲ လွင်ပြင်လေး... ဟင်..."

လွင်ပြင်လေးကို လှည့်ကြည့်တော့ သူ့ကို ငေးကြည့်နေ၏။ကိုယ် ဘယ်လိုဆက်လုပ်ရမလဲ အပြာနုရောင် လွင်ပြင်လေးရယ်..ဆုပ်လည်စူး စားလည်းရူးဆိုတဲ့ အဓိပ္ပာယ်ကို သိသလား အချစ် ကိုယ့်မှာ မင်းကို ဆုပ်လည်း မကိုင်ထားနိုင် လွှတ်လည်း မချနိုင်၊ ဖွင့်လည်း မပြောနိုင်နဲ့ ကိုယ် ဘယ်လိုလုပ်ရမလဲ... ဘာမှ မရေရာတဲ့ အခြေအနေမှာ မင်းကို ကိုယ် ဆွဲမခေါ်ရက်သေးဘူး ကလေးရယ်...။သူ့ဒယ်ဒီကလည်း နောက်က တောက်လျှောက် လိုက်stalk နေတာ...Universe ကိုလည်း တိုးတက်ဖို့ လုပ်ရအုံးမယ်...ဒီအချိန်မှာ သူ့ခံစားချက်တွေကို ခေါက်သိမ်းလိုက်တာ ကောင်းမယ် မှတ်လား Babe ရယ်...မင်းကတော့ ဒီလူ ဘာလို့ ဒီလိုတွေ လုပ်နေတာလည်း ထင်လိမ့်မယ်...ဒါပေမယ့်လည်း ကိုယ် မင်းကို ဘာအကြောင်းကြောင့်နဲ့မှ မထိခိုက်စေချင်ဘူး ကလေးငယ်...။

Falling In Love (Completed)Where stories live. Discover now