Unicode 12

5.8K 543 11
                                    


" မယု...နေကောင်းလားဟင်"

ဖုန်း ထဲမှ တဆင့် ကြားရသည့် အသံကတောင် ကြည်လင်လွန်းနေသည်။

မေခန့်နိုင် တဲ့။

လင်းယုနွယ် ဆိုတဲ့ မိန်းမ ကို အရည်ပျော်စေခဲ့တဲ့ ကောင်မလေးပေါ့။

အဆိပ်ပြင်းပြင်း သတ္တဝါလေး။

" ကောင်းပါတယ် မေခန့်ရဲ့။ ဘာလို့..."

" ဟိုတစ်နေ့ က အိမ်ကို လာသေးတယ်ဆို။
အကျဲမှုံ ပြောလို့လေ။ မေခန့်က Gym သွားနေတာ။ ဖုန်းပြန်ခေါ်တော့လည်း ပြင်ပ ရောက်နေတယ် ဆိုတာကိုး"

တစ်ဖက်က မကြားအောင် သက်ပြင်းတစ်ချက်သာ ခိုးရှိုက်မိရပြန်သည်။

Gym ခန်းက ကောင်မလေးနဲ့ ဘုရားသွားကြသေးတယ်မလား ဆိုသော မေးခွန်းကို မမေးမိအောင် ထိန်းချုပ်လိုက်ရသည်။

မင်းနဲ့တော့ ရူးရချည်ရဲ့ မေခန့်နိုင်ရယ်။

" မယု အချိန်ရရဲ့လားဟင်"

" အင်...ဟင်...။ ရပါတယ် မေခန့်ရဲ့။ ဘာကိတ် "

" အာ... ညနေကျ အကင် စားကြမလားလို့လေ။ သိမ်တော်ကြီး အရှေ့မှာ ဆိုင်တန်းတွေအများကြီးရယ်။ မယု ည ဖက် မရောက်ဖူးသေးဘူး မဟုတ်လား"

ထိုကလေးမ ၏ စကားကို အယောင်ယောင်အမှားမှား ခေါင်းညိမ့်လိုက်ပြီးမှ

"ဟုတ်သားကွယ်။ တို့လည်း ဒီရောက်သာ တာ ကြာတာ ဘယ်မှကို မရောက်ဖြစ်တာ။ မေခန့် နဲ့သာ မသိရင် ဘယ်လိုနေမယ်မသိဘူး။ သွားကြတာပေါ့"

" ဟုတ် ။ မေခန့် လာခေါ်မယ်နော် မယု"

" အင်း ။ မယု မျှော်နေမယ်နော်"

နှစ်ယောက်ကြား ပြောစရာစကား မရှိတော့ဟန် တိတ်ဆိတ်သွားကြပြီး နောက်မှာတော့
ကျွန်မဖက်က စ၍ ဖုန်းချ လိုက်ပါသည် ။

ဖြူစင်လွန်းရဲ့ကွယ်။
မင်းလေး ကို အရောင်တွေ စွန်းထင်းမှာ တို့ ကြောက်လှချည်ရဲ့ ကလေးရယ် ။

***

" ဒုတ်ထိုး ဆိုတာ ဒီလို ထိုင်စားမှအရသာရှိသလားလို့။ မယုရော ဘယ်လိုထင်လဲ"

သိမ်တော်ကြီး ဘုရားဝင်း အရှေ့ ပလတ်ဖောင်း နံဘေးက ဒုတ်ထိုးဆိုင်လေးထဲဝင်ထိုင်ကြပြီးနောက် မေခန့် ဆီက အမေးစကားတစ်ခွန်း။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now