စက်တင်ဘာလပထမဆုံးနေ့လေးရဲ့ အေးမြမှုနဲ့အတူဒီနေ့မနက်တော့ထယ်ယောင်းအိပ်ယာအစောကြီးနိုးလာခဲ့တယ် ဒီနေ့ကဟိုအဆိုးအပေအတတ်အပလေးရဲ့မွေးနေ့မဟုတ်လား သူ့မွေးနေ့ကိုအစောဆုံးမသွားရင်စိတ်ကောက် မှာကြောက်ရသေးတယ်
"ကုကီးမွေးနေ့မလို့ အစောကြီးနိုးနေတာပေါ့လေသား"
"ဟုတ် မေမေ ဒီခလေးအကြောင်းသိတယ်မဟုတ်လား သားစောစောမသွားရင်စိတ်ကောက်လို့ချော့နေရမှာ"
"သိပါ့အေ မေမေတို့တော့ညနေမှလာတော့မယ်လို့ပြောလိုက်နော်"
"ဟုတ်"
စောင်ကိုခေါင်းလေးဖော်ရုံခြုံထားတဲ့အဆိုးအပေလေးဟာ ခုထိအိပ်ယာကမထသေးပါဘူး ပါးဖောင်းဖောင်းလေး၂ဖက်ကိုအသည်းယားလို့အားရပါးရဆွဲညစ်လိုက်တော့ စူထွက်လာတဲ့နှုတ်ခမ်းရဲရဲလေးချစ်စရာအကောင်ပေါက်စလေးဟာ အိပ်ရေးမဝသေးတဲ့ပုံပါ
"ဂျောင်ကုကီးလေးရေ Happy Birthdayပါ"
"ချစ်စရာဂျောင်ကုကီးလေး အိပ်ရေးမဝသေးဘူးလား ညကဂိမ်းတွေအကြာကြီးဆော့ထားပြန်ပြီပေါ့"
"ဂျောင်ကုကီးလေးရေထပါတော့ကွယ် မဟုတ်ရင်ကိုကိုပြန်တော့မှာနော်"
ပြန်တော့မယ်ဆိုမှပြာပြာသလဲစောင်ပုံထဲကနေထွက်လာတဲ့အကောင်ပေါက်လေး
: "ကိုကိုကလည်းနိုးနေပါပြီနော် ကိုကိုကသိပ်လှနေလို့ အိပ်ချင်ယောင်ဆောင်ပြီးခိုးကြည့်နေတာ ဟီးဟီး"
ရှပ်လက်ရှည်မိုးပြာရောင်လေး စတိုင်ပန်အဖြူလေးနဲ့ ကိုကိုဟာတကယ်ပဲနတ်သားတစ်ပါးလို့လှနေတာအမှန်ပါ
"လာမြှောက်မနေနဲ့ လက်ဆောင်ကပေးမှာ ရေသွားချိုးတော့"
"ကိုကိုကလည်းမြှောက်တာမဟုတ်ပါဘူးနော် မွ"
"ကိုကို့ ပါးလေးကမွှေးနေတာပဲ "
ထယ်ယောင်းပါးကိုအသာပွတ်ပြီး အဆိုးအပေလေးရဲ့အိပ်ယာသိမ်းပေးနေလိုက်တော့တယ် ကျင့်သားရနေပြီပဲပြောရမလား ဒီခလေးဟာလေ အာ့လိုမျိုးတွေမလုပ်ပါနဲ့ပြောလည်းမရလို့ ဒီတိုင်းသာလွှတ်ထားလိုက်ရတယ်
YOU ARE READING
Tae's Mine (Completed)
RomanceChocolate Cosmosပန်းရဲ့အဓိပ္ပါယ်က တခြားသူတွေမင်းကိုချစ်တယ်ဆိုတာထက်ကိုယ်ကမင်းကိုပိုချစ်တယ်တဲ့ အဲ့ဒါမောင်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ပဲထယ်~