[ unicode ]
" ဘာလဲ .. ဒီနေ့လည်း ငါတို့နှစ်ယောက်ပဲလား .. ဟိုကောင်ကရော "
ဂျုံအင်၏အမေးကို ဘတ်ခ်ဟျွန်းခေါင်းခါရမ်းရင်းသာဖြေလိုက်နိုင်ခဲ့သည်။ လွတ်နေသောခုံမှာဝင်ထိုင်ရင် လွယ်အိတ်ကိုချွတ်ပြီးစားပွဲပေါ်တင်လိုက်သည်။
" ထပ်ပြီးရန်ဖြစ်ထားကြပြန်ပြီလား "
အခြေအနေကို အကဲခတ်ရိပ်မိလွယ်သောဂျုံအင်က မျက်နှာမအီမသာနှင့်မှိုင်ထွေနေသောဘတ်ခ်ဟျွန်းကိုကြည့်ပြီးမေး၏။
" ဒီတစ်ခါတော့ တကယ်ပြီးသွားပြီထင်တယ်။ ငါဘယ်လိုမှသည်းမခံနိုင်တော့ဘူးဂျုံအင်ရယ်။ သူငါ့ကိုပစ်ထားတာတွေတအားများနေပြီ "
ဂျုံအင် ဟူးခနဲသက်ပြင်းချမိ၏။
ဘတ်ခ်ဟျွန်းနှင့် ချန်းယောလ်ဆိုတာ ဂျုံအင်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်သလို တစ်ယောက်အကြောင်းတစ်ယောက်ကောင်းကောင်းသိပြီး ပြောမနာဆိုမနာပေါင်း သင်းကြတဲ့ဆက်ဆံရေးမျိုး။
နှစ်ယောက်သားတွဲနေကြတာ လေးနှစ်ကျော်လို့ ငါးနှစ်ထဲဝင်လာတော့မည်ကို ယခုချိန်ထိ ပြတ်စဲလိုက်၊ ပြန်အဆင်ပြေသွားလိုက်ဖြင့်ဒုံရင်းဒုံရင်းလည်ပတ်နေတုန်းပင်။
ထိုသူနှစ်ယောက် ထိုကဲ့သို့ရန်ပွဲတွေဖြစ်ကြတာအကြောင်းမဟုတ်ပေမယ့် ထိုသူနှစ်ယောက်နှင့် အလုပ်တူတူတွဲလုပ်နေတဲ့ဂျုံအင်အဖို့တော့ ရှေ့ပဲဆက်တိုးပြီးအလုပ်ကြောင်းပြောရမှာလား၊ သူတို့နှစ်ယောက်ကိုပဲအဆင် ပြေအောင်ချော့မော့လမ်းကြောင်းပြုပြင်ပေးရမှာလား၊ စသဖြင့် အလုပ်ကြောင့်မဟုတ်ဘဲ တခြားသူ၏အချစ်ရေးကြောင့် ခေါင်းစားနေရသူ ဂျုံအင်လေးပေါ့။
" မင်းတို့ဒီလိုဖြစ်တာ ပထမဆုံးအကြိမ်လည်းမဟုတ်ဘဲနဲ့ကွာ .. Feel နေသေးတယ် ပစ်ထားလိုက် .. ဟိုကောင့်အကြောင်းလည်းသိရဲ့သားနဲ့ "
" သိတယ် ဂျုံအင်၊ ငါသိလွန်းလို့ ဒီလောက်ထိသည်းခံပြီးတွဲနေတာပေါ့၊ ဒါပေမယ့်ငါလည်းလူပဲ .. အတိုင်းအတာတစ်ခုထိပဲသည်း ခံနိုင်မှာပေါ့၊ အဲ့ထက်ဆိုးလာရင်တော့လမ်းခွဲရုံပဲ "