Part 8

27.3K 1.4K 57
                                        

Unicode

ကလောက Treasure Group ပိုင်ဟိုတယ်ရှေ့မှာတော့ တိုင်းဦးစက်မုန်ကားကနေရာယူလျှက်။ သူရောက်လာတာနဲ့ မန်နေဂျာကထွက်လာကာနှုတ်ဆက်သည်။ ဧည့်သည်တွေကားထားရာရုံမှာတော့ သူ့မျက်လုံးက Yamaha ကြီးကိုမြင်သွားပြီး

"ဟားဟား!"

အသံထွက်တဲ့အထိထရယ်မိလိုက်သည်။ မင်းဝဏ္ဏနဲ့သူ့ဘော်ဒါတွေက စက်မုန်ဘာကြောင့်ရယ်တာလဲသိပေမယ့် ဝန်ထမ်းတွေကတော့ကြောက်စီစီဖြစ်နေလေရဲ့။ အငယ်ကသူ့ဟိုတယ်မှာတည်းတာပေါ့။

"ဧည့်သည်ထဲမှာ ခက်ထန်ပျို ဘယ်အခန်းတည်းတာလဲ တစ်ချက်ကြည့်ပေး"

"ဟုတ်ကဲ့ သူဌေး"

မန်နေဂျာမှာအထဲကိုသုတ်သုတ်ပြန်ဝင်ကာ အခန်းကိုကြည့်ပေးရ၏။

"အခန်း ၁၀၆ မှာပါ သူဌေး"

"အင်း သူဘေးကအခန်းကိုကိုယ့်ဖို့စီစဉ်ပေး"

"ဟုတ် ဟုတ်ကဲ့"

"အင်း ကိုယ့်ဘော်ဒါတွေအတွက်ပါ ကပ်ရက်အခန်းတွေစီစဉ်ပေးပါအုန်း"

"ညီလေးကိုယ်တို့ ၃ ယောက်တစ်ခန်းထဲနေမယ် extra bed ထိုးလိုက်"

မန်နေဂျာဖြစ်ပါ့မလားဆိုတဲ့အကြည့်နဲ့ စက်မုန်ကိုကြည့်သည်။ ‌စက်မုန်ကခေါင်းငြိမ့်ကာ

"သူတို့ပြောသလိုလုပ်ပေးလိုက်"

သူတို့ပါလာတဲ့ luggage တွေကိုဝန်ထမ်းတွေကသယ်သွားတော့သည်။ မန်နေဂျာက စက်မုန်ဘေးမှာပဲရှိသေး၏။ ဘာလိုမလဲမေးပြီးစီစဉ်ပေးရအောင်လေ။

"သွားမယ် အရမ်းမှမပင်ပန်းတာ တောင်ထိပ် sunset သွားကြည့်မယ် ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်ဒိုးမယ်"

ရှိုင်းက sunset ကိုအရမ်းကြည့်ချင်နေတာ။ ကျန်တဲ့နှစ်ယောက်ကလဲ ပါရမီဖြည့်ရှာပါတယ် ကောက်ကောက်ပါအောင်လိုက်တာပဲ။ စက်မုန်ကတစ်နေရာမှာရပ်ကာ သူတို့ကိုကြည့်နေ၏။ မိန်းကလေးသူငယ်ချင်းဆိုသူနဲ့ ရှိုင်းဆိုတဲ့ကောင်လေးနဲ့နှစ်ယောက်ထဲ။ ခက်ထန်ပျိုက ဘယ်ကျန်ခဲ့တာလဲ။ အတွေးမဆုံးသေးဘူးနောက်ကလိုက်လာတဲ့ခက်ထန်ပျို။ လက်ထဲမှာ ကင်မရာတစ်လုံးနဲ့ နှုတ်ခမ်းမှာဝတ်ထားတာကိုလဲမချွတ်။

ခက်ထန်ပျို (Complete) Uni & ZawgyiWhere stories live. Discover now