Ep (17) ❤

650 78 11
                                    

Unicode

မနက်ခင်းထဲက ဒရေကိုထွက်လာခဲ့သော်လည်း ခရီးကဝေးသောကြောင့် ညနေမှသာ အရုပ်စက်ရုံသို့ရောက်ရှိခဲ့လေသည်။ ပိတ်ရက်ဖြစ်သောကြောင့် စက်ရုံထဲတွင် အလုပ်သမားတစ်ယောက်မှမရှိ။ မှောင်မည်းတိတ်ဆိတ်၍နေသည်။

ဒရေကို စက်ရုံအပေါ်ထပ်သို့တက်လာခဲ့ပြီး မစ္စတာ ဟန်၏ ရုံးခန်းထဲသို့ဝင်လိုက်သည်။ ရုံးခန်းထဲတွင် ခုံများကလည်း ကျိုးနေပြီး ပစ္စည်းများကလည်း နေရာအနှံ့ပြန့်ကြဲနေသည်။ စားပွဲခုံတစ်ခု၏နောက်တွင်တော့ လဲကျနေသောလူတစ်ယောက်။ ဒရေကိုလဲ ခါးတွင်ပါလာသော ဓားမြှောင်ကို ဆွဲထုတ်ရန် အသင့်အနေထားပြင်ထားလိုက်သည်။ သို့သော် အနီးကပ်သွားသောအခါ ထိုလူသည် မစ္စတာ ဟန် ဖြစ်နေသည်။ မစ္စတာ ဟန်က သူ့ခါးကဓားဒဏ်ရာကိုလက်ဖြင့်ဖိလျက် သွေးအိုင်ထဲတွင်လဲနေလေသည်။

"မစ္စတာ ဟန် ခင်ဗျား ဘယ်လိုဖြစ်တာလဲ.."

ဒရေကို မစ္စတာဟန်အနားကိုသွားလိုက်ကာ ဆွဲထူလိုက်သည်။ မစ္စတာ ဟန်သည် အသက်ကိုတောင် မနည်းရှူနေရသည့် အခြေအနေဖြစ်နေသည်။

"မစ္စ..မစ္စတာ မက်ဖွိုင်း.."

မစ္စတာ ဟန်သည် သူ့ရဲ့ဘောင်းဘီအိတ်ထဲမှ သစ်သားဘူးလေးကိုထုတ်ကာ ဒရေကိုရဲ့လက်ထဲသို့ထည့်ပေးလိုက်သည်။

"ဒီပစ္စည်းကို ဆက်စောင့်ရှောက်ပေးပါ..ငါ့တာဝန်ကျေပြီ..မစ္စတာ မက်ဖွိုင်း.."

ဒဏ်ရာမှသွေးများသည် တရစပ်ထွက်နေရာ ကြမ်းပြင်ပေါ်တွင် အိုင်ထွန်းနေပြီဖြစ်သည်။

"ခင်ဗျားကို ဆေးရုံခေါ်သွားပေးမယ်.."

"ဟင့်အင်း ငါ့မှာ..အချိန်မရှိတော့ဘူး..အဲ့ပစ္စည်းကိုသာ..တွန်..ရစ်ဒယ်လက်ထဲ..သေချာထည့်ပေးပါ..ပြီးတော့..ငါ့ကလေးတွေကိုလည်း..စောင့်ရှောက်..ပေး..ပါ.."
ဟုဆိုရင်း မစ္စတာ ဟန် သည် အသက်မဲ့သွားလေတော့သည်။ ဒရေကိုလည်း မစ္စတာ ဟန်၏ မျက်လုံးကို လက်ဖြင့်ဖြည်းညှင်းစွာ ပိတ်ပေးလိုက်သည်။

"စိတ်ချပါ..မစ္စတာ ဟန်..ခင်ဗျားရဲ့ ကလေးတွေကို ကျွန်တော် စောင့်ရှောက်ပေးပါ့မယ်.."

BFF OR NOT (Drarry ❤)Where stories live. Discover now