ICE♡CREAM TO KIMCHI
သာယာလှပလွန်းလှပြီး လူကုံထံအသိုင်းအဝိုင်းများသာ နေထိုင်ကြတဲ့ ရပ်ကွက်ကြီးရဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့မနက်ခင်းတစ်ခုမှာ .....
Koreaနိုင်ငံရဲ့ Top Tenစာရင်းဝင် Kim Groupရဲ့ CEOကြိိး Mr.Kimက စီးပွားရေးစျေးကွက်အတက်အကျကို လေ့လာဖို့ရန် သတင်းစာတစ်စောင်ကို စိတ်ဝင်စားစွာနဲ့ဖတ်နေလေတယ်။လူကုံထံတွေသာနေထိုင်တဲ့ရပ်ကွက်ဖြစ်လို့ တစ်အိမ်နဲ့တစ်အိမ်ကလဲ ထိကပ်မနေဘဲ ခြံအကျယ်ကြီးတွေခြားထားတော့ ဆူညံသံရယ်လို့လဲ သိပ်မကြားရတာကြောင့် ယခုလိုမနက်အစောပိုင်းမှာ ကော်ဖီသောက်ရင်း စီးပွားရေးအကြောင်းတွေးတောကာ သတင်းစာဖတ်ရတာဟာလဲ Kimအိမ်တော်ရဲ့ သခင်ကြီး Mr. Kimအတွက်က အပန်းဖြေရာ တစ်ခုလိုပင်.....
ထိုသို့သော သခင်ကြီးKim၏ တိတ်ဆိတ်စွာအပန်းဖြေမှုလေးကို ဖျက်စီးလိုက်သူကား.....
""အားးးးးးး Appaရေ ပြေးပြေးးးးး၊ထိုင်နေရာကနေ ဖယ်တော့ဗျ...အားးးးးးကယ်ပါအုံး မွေးသမိခင် Ommaရဲ့၊ သား~~သား~~သေပြီထင်တယ် အားးးးး!!!""
သခင်ကြီး Kim၏ နှစ်ယောက်မရှိသည့် ချစ်လှစွာသော Kimအိမ်တော်၏အမွေကို ဆက်ခံမည့် သားငယ်လေး
"Kim Tae Hyung"အသံကြား၍ လန့်ဖျန့်စွာလှည့်ကြည့်မိသော သခင်ကြီးမှာ ခြေမကိုင်မိ လက်မကိုင်မိနှင့် ထ၍ဘဲပြေးရမလို ရပ်နေ၍ဘဲစီးဖမ်းရတော့မလိုနှင့်.....
နောက်ကလဲ သားရဲ့ အထိန်းတော်ကြီးအပါအဝင် အိမ်တော်ထိန်းကြီးရော၊အိမ်အကူအဒေါ်ကြီးတွေရောကိုမြင်လိုက်ရသည့်အပြင် မထင်မှတ်ထားဘဲ သူ့မိန်းမMrs.Kimကပါ ပေးလိုက်လာကြလေရဲ့.....ခုလိုအရှိန်အဟုန်နဲ့ သားလေးကသူ့ဆီလာနေသည်မှာ တခြားသောသူများလို ဆိုင်ကယ်၊ကားစသည့် ယာဥ်များစီး၍မဟုတ်။မနက်စာပြင်ဆင်၍ အိမ်တော်ထိန်းကြီးက ထမင်းစားခန်းသို့ပို့ပေးမည့် လှဲကြီးကို စီး၍လာနေခြင်းဖွစ်၏။ရှေ့မှကော်ဖီများကလဲ ဘောင်ဘင်ခတ်နေသလို ပေါင်မုန့်ကင်များဟာလဲ လျပေါ်တွင်ပျံဝဲလျက်...
အော်သံများစွာကြားမှာမေ့မေ့လျော့လျော့ယောင်ယောင်မှားမှားနှင့် ရပ်ကြည့်နေစဥ်-
YOU ARE READING
ICE♡CREAM TO KIMCHI
Fanfic- ကိုကိုရေ ~ ကင်မ်ချီလေးကလေ ရေခဲမုန့်စားချင်လို့တဲ့ သိလား။ ထယ်ထယ်ပြောတာ ဟုတ်ဘူးနော် ။သူစားချင်နေတာပါ ထယ်ထယ်ကပြောရုံဘဲပြောပြတာ ။ - ဟုတ်လား။ကိုယ်ကတော့ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ့်ကိုလာနမ်းတဲ့သူကို ဝယ်ကျွေးမှာဘဲ