အပိုင်း ၈၇၁ : ခေါင်းဖြတ်ခြင်း

372 38 0
                                    

စာစဥ် ၄၆ : အပိုင်း ၁

အပိုင်း ၈၇၁ : ခေါင်းဖြတ်ခြင်း

လင်းဖုန်းသည် သူ၏ လက်ချောင်းဖြင့် ကျဲလော်ရှီအား ထိုးလိုက်သည့် အချိန်တွင် ထျန်းကန်း ဓားမာစတာ၏ အကြည့်သည် လင်းလက်သွားခဲ့သည်။ ထျန်းကန်း ရှေးဟောင်းဓားသည် ပြင်းထန်စွာနှင့် တုန်ခါသွားခဲ့ကာ မရေမတွက်နိုင်သော အလင်းတန်းများက ကောင်းကင်နှင့် မြေကြီးတို့အား ပြည့်သွားခဲ့သည်။

ဤအချိန်တွင် ထျန်းကန်း ဓားမာစတာသည် သူ၏ ဓားဆန္ဒအား ဖြန့်ကြက်လိုက်ရာ ပင်လယ် အရွယ်အစား ရှိသည့် ဓားအလင်းတန်းသည် ယုကျင်းတောင် တစ်ခုလုံးအား လွှမ်းခြုံထားသည့် အလင်းတန်း အလွှာအား ရစ်ပတ်သွားခဲ့သည်။

တောက်ပသော ထျန်းကန်း ဓားကြယ်စင်သည် ထပ်ဖန်တစ်ခါ ပေါ်လာခဲ့သည်။ သို့သော်လည်း ဤတစ်ခေါက်တွင် သူသည် စကြာဝဠာ အတွင်းမှ ကြယ်စင်မြစ်ကဲ့သို့ ကြီးမားကျယ်ပြန့်သည်။ သူသည် ယုကျင်းတောင် တစ်ခုလုံးအား အလည်တွင် ထားခဲ့၍ ဖုံးလွှမ်းသွားခဲ့သည်။

အဆုံးမဲ့ ဓားအလင်းတန်းများသည် အလယ်သို့ ဝိုင်းဝန်း၍ တိုက်ခိုက်လိုက်ကြသည်။ ဤအချိန်တွင် သူ၏ ဓားအသိစိတ်နှင့် ဓားအလင်းတန်းတို့သည် ဟင်းလင်းပြင်အား ချိပ်ပိတ်ထားခဲ့ကာ ယုကျင်းတောင်အား မပုန်းအောင်းနိုင်ရန် တားဆီးထားခဲ့သည်။

ယုကျင်းတောင်မှနေ၍ ဝေဝါးသော အလင်းတန်း တစ်ခုက ကျယ်ပြန့်လာခဲ့သည်။ အရာအားလုံးတို့သည် ဝေဝါး၍ မကြည်မလင် ဖြစ်သွားခဲ့ကာ မီးခိုးဖြူရောင် အလင်းတန်း တစ်ခုကသာ ကျန်နေရစ်သည်။

ယုကျင်းတောင်ကို အလယ်မှထားကာ ထိုဝေဝါးသော အလင်းတန်းသည် ကျယ်ပြန့်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးတို့ထံမှ အစပြုလာသည့် အရာအားလုံးအား အရောင်ကင်းမဲ့စေခဲ့သည်။

ထျန်းကန်း ဓားကြယ်စင်သည် အလွန်အမင်းမှ ခက်ထန်လှကာ ကောင်းကင်နှင့် မြေကြီးတို့အား ခြေမွချင်နေကြသည်။ သို့သော်လည်း ဤအချိန်တွင် အလင်းတန်း အားလုံးတို့သည် ငြိမ်သက်သွားသကဲ့သို့ ဖြစ်သွားခဲ့ပြီး အရှေ့သို့ တစ်လက်မမှပင် မတက်လာနိုင်တော့ပေ။ ဟင်းလင်းပြင် အတွင်းတွင် သူတို့၏ မူလပုံစံ ဖြစ်သည့် ထွင်းဖောက်မြင်နေရသော ဧရာမ ဓားရှည်ကြီး တစ်ချောင်းအဖြစ်သို့ ပြောင်းသွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now