အပိုင်း ၈၇၄ : အားလုံးတို့အား ဖမ်းဆီးခြင်း

357 35 0
                                    

စာစဥ် ၄၆ : အပိုင်း ၄

အပိုင်း ၈၇၄ : အားလုံးတို့အား ဖမ်းဆီးခြင်း

လင်းဖုန်းသည် ဆောင်တုန်းထျန်း၏ မဟာကောင်းကင်ဘီး မိတ္တူအား လက်တစ်ဘက်ဖြင့် ဆုပ်ကိုင်ထားကာ အခြား လက်တစ်ဘက်မှ လက်ညှိုးဖြင့်ဖြင့် ရွှမ်ကောင်းကင် တံဆိပ်မှ ပြောင်းလဲထားသော အစိမ်းရောင် ကောင်းကင်အား ထိုးလိုက်သည်။ ခက်ထန်ကြမ်းတမ်းသော မီးခိုးရောင် ဓားအလင်းတန်း တစ်ခုသည် သူ၏ လက်ချောင်းထိပ်မှ ထွက်လာခဲ့သည်။

အစိမ်းရောင် ကောင်းကင်ကြီးသည် လင်းဖုန်း၏ လက်ချောင်းဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသောအခါ ကျိုးပျက်သွားခဲ့သည်။

"မင်းနဲ့ မဟူရာကောင်းကင် ရတနာသစ်ပင် နှစ်ခုစလုံးတို့က ကောင်းကင်ပေါ်ကနေ လာခဲ့တာ ဖြစ်ပေမဲ့ မင်းက ဒီလောက်အထိ အစွမ်းမထက်ဘူး" လင်းဖုန်းက ရယ်လိုက်သည်။ သူ၏ စွမ်းအားများကို ရွှမ်ကောင်းကင် တံဆိပ်အပေါ်သို့ ထုတ်လွှတ်ပြီးသည်နှင့် သူ၏ အင်္ကျီလက်စများကို ဝှေ့ယမ်းလိုက်ကာ ထိုတံဆိပ်အား သိမ်းလိုက်သည်။

ဆောင်တုန်းထျန်းသည် ရွှမ်ကောင်းကင် တံဆိပ်နှင့် ဆက်သွယ်ထားသည်။ သူသည် ကြိုးစား၍ ရုန်းကန်နေခဲ့သော်လည်း ရွှမ်ကောင်းကင် တံဆိပ်သည် လင်းဖုန်း၏ ဖိနှိပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဤတစ်ခေါက်တွင် လင်းဖုန်းသည် ကောင်းကင်ဖျက်ဆီး ဓား၏ ဓားဆန္ဒအား အသူရာ စစ်ဓားသွားထံသို့ ထုတ်လွှတ်လိုက်သည်။ ဓားသွားထံမှနေ၍ ဒဏ်ရာရသွားသော သားရဲတစ်ကောင်ကဲ့သို့ ညည်းတွားသံတစ်ခု ထွက်လာခဲ့သည်။

ရှုအန်ဒါ၏ မျက်လုံးများသည် ပို၍ပို၍များသော ဝိညာဥ်ဖြင့် လင်းလက်လာခဲ့သည်။ သူတို့သည် သူ၏ မျက်လုံးသူငယ်အိမ်များ အတွင်းမှ ထွက်လာကြ၍ ကောင်းကင်ထံသို့ နားကွဲလုမတတ် ဟိန်းဟောက်လိုက်ကြသည်။

ကောင်းကင်သည် ရုတ်ချည်းပင် မည်းမှောင်သွားခဲ့၍ အလင်းတန်းများအားလုံး ပျောက်ဆုံးသွားခဲ့သည်။ ထိုဝိညာဥ်များသည် အမျက်တကြီးဖြင့် ဟိန်းဟောက်နေကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeHikayelerin yaşadığı yer. Şimdi keşfedin