အပိုင်း ၉၀၈ : မျောက်

311 33 4
                                    

စာစဥ် ၄၇ : အပိုင်း ၁၈

အပိုင်း ၉၀၈ : မျောက်

ထိုနတ်တောင်သည် လျှန်ယွမ်တောင်၏ အရှေ့ဖျားတွင် တည်ရှိသည်။ သူသည် ကမ်းစပ်မှ သီးသန့်ကျွန်းတစ်ခု ဖြစ်သော်လည်း စိတ်ဝိညာဥ် စွမ်းအင်များဖြင့် ပြည့်ဝနေကာ ကောင်းကင်ဘုံအလားပင် ဖြစ်၏။

သို့သော်လည်း ထိုကောင်းကင်ဘုံနှင့် သဏ္ဌာန်တူနေသော ကျွန်းသည် ပင်လယ်အပေါ်၌ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော တံလျှပ်အလား ဖြစ်နေသည်။ သာမန်လူများ အနေဖြင့် သူ့အား အလွယ်တကူ တွေ့နိုင်လိမ့်မည် မဟုတ်ပေ။ သူသည် ယင်ပင်လယ် အတွင်းမှ ပုံရိပ်များနှင့်သာ တူနေ၏။

ဖန်းရှီး မဟာပဏ္ဍိတသည် ထိုကျွန်း၏ သခင်ထံမှ ရတနာ တစ်ပါးကို ပိုင်ဆိုင်ထားသဖြင့် ထိုနေရာကို အလွယ်တကူ ရှာနိုင်ခဲ့ခြင်း ဖြစ်သည်။

သူသည် ဟင်းလင်းပြင် အတွင်းမှ ထွက်လာပြီးသည်နှင့် အသံကုန်ခြစ်၍ အော်လိုက်ကာ ပင်လယ်အတွင်းမှ နတ်တောင်ရှိရာထံသို့ အပြေးလာခဲ့သည်။ "ကျွန်တော်တို့ ဒုက္ခရောက်ပြီ.. ကျွန်တော်တို့ ဒုက္ခရောက်ပြီ.. အစ်ကိုကြီး.. ဆရာက လူသားတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီ"

ထိုတောင်အပေါ်တွင် သူသည် လျှောက်မလုပ်ရဲချေ။ သူ၏ကိုယ်အား ဖုံးလွှမ်းနေသည့် ခက်ထန်သော မိစ္ဆာမီးတောက်များသည် ငြိမ်းသတ်သွားခဲ့ကာ သူ၏ ခန္ဓာကိုယ်သည် လျှင်မြန်စွာနှင့် ကျုံ့ဝင်သွားခဲ့၏။ နတ်တောင်အပေါ်တွင် မိုးထိုးနေခဲ့သော သူ၏မူလ ဧရာမ ခန္ဓာကိုယ်ကြီးသည် သာမန် ဆင်တစ်ကောင်၏ အရွယ်အစားမျှ သေးငယ်သွားခဲ့သည်။

သူအော်ဟစ်နေဆဲတွင် နတ်တောင်အတွင်းမှ ပျင်းရိပျင်းတွဲ အသံတစ်ခုက သူ့အား စိတ်အနှောင့်အယှက် ဖြစ်နေသကဲ့သို့ ဖြတ်ပြောလိုက်သည်။ "သူ့ဘာသာသူ သေပါစေ"

ဖန်းရှီး မဟာပဏ္ဍိတသည် သူ၏ပါးစပ်များကို ကျယ်လောင်စွာ ဖွင့်ထားခဲ့ပြီး ဘာမှ ပြန်မပြောရဲတော့ပေ။ သူသည် တောင်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက်တွင် လှိုဏ်ခေါင်းတစ်ခု အတွင်းသို့ ဝင်သွားခဲ့ပြီး လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားခဲ့ရာ သာမန်အတိုင်း ဆောက်လုပ်ထားသည့် ဧရာမ စံအိမ်တစ်လုံးအား တွေ့လိုက်ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora