အပိုင်း ၉၃၆ မှ ၉၄၀

429 33 0
                                    

စာစဥ် ၄၉ : အပိုင်း ၆

အပိုင်း ၉၃၆ : အသန်မာဆုံး မိစ္ဆာမျိုးနွယ်စု

ရှီထျန်းဟောင်၏ စကားမဆုံးမီ ဝမ်လင်းကလည်း သူ့အတိုင်း ခန့်မှန်းမိနေသောကြောင့် သူဘာပြောချင်နေသည်ကို နားလည်နေခဲ့သည်။

"ပုရွက်ဆိတ်သိုက်" ဝမ်လင်းက ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ "ဒီမြေအောက်နန်းတော်က ဧရာမ ပုရွက်ဆိတ်သိုက် တစ်ခုပဲ"

သိပ်သည်းစွာ တည်ရှိနေသည့် မရေမတွက်နိုင်သော အပေါက်များအနက်မှ မည်သည့်တစ်ခုကိုမဆို လေ့လာလိုက်လျှင် သူတို့၏ အနားသတ်များတွင် ပိုးမွှားတစ်ကောင်၏ သဲလွန်စများကို တွေ့နိုင်ပေမည်။

သို့သော်လည်း ဤနေရာမှ ပိုးမွှားသည် အတော်ကို ကြီးမားလှသဖြင့် သာမန် ပုရွက်ဆိတ်တော့ မဟုတ်နိုင်ပေ။ ထို့အစား သူသည် မိစ္ဆာတစ်မျိုး ဖြစ်ရမည်။

ဝမ်လင်းနှင့် ရှီထျန်းဟောင်တို့သည် ထိုအကြောင်းကို စဥ်းစားနေကြရင်း သူတို့၏ နှလုံးသားများသည် အနည်းငယ် တုန်ခါသွားကြသည်။ သူတို့သည် မိုးကုပ်စက်ဝိုင်းမှ ဟင်းလင်းပြင်သည် ရုတ်တရက် ပွင့်သွားခဲ့ကာ အတွင်းမှနေ၍ အနက်ရောင် ပုံရိပ်များ ရာနှင့်ချီ၍ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူတို့၏ တစ်ကိုယ်လုံးသည် အနက်ရောင် သန်းနေကာ ဝံပုလွေ အရွယ်မျှ ကြီးမားကြသည်။ သူတို့၏ ဧရာမ အနက်ရောင် ပုရွက်ဆိတ်များ ဖြစ်ကြ၏။

သူတို့၏ အေးစက်နေသော ပြင်ပအခွံများသည် သူတို့၏ စွမ်းအားများကို ဖော်ပြနေကြသည်။ သို့သော်လည်း ရှီထျန်းဟောင်သည် သူ၏ မျက်မှောင်များကို ကြုတ်လိုက်ကာ အာရုံခံလိုက်သော အချိန်တွင် ထိုအနက်ရောင် အခွံများ၏ အောက်ဘက်တွင် ထိုပုရွက်ဆိတ်များသည် သူတို့နှင့် အဆင့်တူ အခြားမိစ္ဆာများထက် များစွာပို၍ အထက်တန်းကျသော ရုပ်ကိုယ်ခန္ဓာ စွမ်းအားများကို ပိုင်ဆိုင်ထားသည်ကို သိနေခဲ့သည်။

သူသည် မဟာလွင်တီးခေါင် ကုန်းမြေတွင် အချိန်များစွာ နေခဲ့သဖြင့် မိစ္ဆာပေါင်း မျိုးစုံတို့နှင့် တိုက်ခိုက်ခဲ့ရသည်။ ရုပ်ကိုယ်ခန္ဓာ စွမ်းအားသက်သက် အရ ပြောရလျှင် အစွမ်းအထက်ဆုံး သူများမှာ ရွှမ်းဝူ၏ မသန့်စင်သော မျိုးဆက်များ ဖြစ်ကြသည် ရွှမ်းမင် မျိုးနွယ်စု၊ ကျန်းလိပ်နှင့် မန်လိပ်များ၊ ဘတ်စ်တလီ အနက်ရောင် နဂါးများ ဖြစ်ကြသည်။ သူတို့ အစောပိုင်းက တိုက်ခိုက်ခဲ့သော ကျူးအာကိုလည်း သူတို့အတွင်းတွင် ထည့်တွက်နိုင်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora