Edison Lighthouse ၏ Love grows
သီချင်းသံသည် အရှိန်ပြင်းပြင်း
ဖြတ်မောင်းလာသောကားထဲမှာ ပျံ့လွင့်နေသည်။
ကားမောင်းနေတဲ့ jinwoo က
ဘေးတွင် ငြိမ်နေတဲ့Chanyeol ကို
တစ်ချက်လှည့်ကြည့်လိုက်သည်။Chanyeol သည် ပြောင်လက်နေသော
နေကာမျက်မှန်အမဲကို တပ်ထားကာ
ကားကူရှင်ကိုကျောမှီထိုင်နေသည်။
ပျော်စရာခရီးမဟုတ်ပေမယ့်
အကြိုက်ဆုံးသီချင်းကို ဖွင့်ထားတာကြောင့်
Chanyeol အနည်းငယ်တော့ စိတ်ပြေရန်
မျှော်လင့်ရင်း jinwoo သည် သီချင်းသံကို
အနည်းငယ်ထပ်ကျယ်ကာ
ကားကို အရှိန်တင်လိုက်ပြီး
ဆက်မောင်းလာခဲ့သည်။chanyeol သည် တီရှပ်အဖြူရောင်ပါးပါးလေးကို ဝတ်ထားသည်။သပ်သပ်ရပ်ရပ်ရှိမနေပဲ
နဖူးထိပ်ပေါ်ပုံနေသော ဆံပင်ဖွာဖွာများဟာ
နေကာမျက်မှန်နဲ့အတူ Chanyeol ကိုကြည့်ကောင်းနေစေသည်။ဟိတ်ဟန်မရှိသော ဝတ်စားဆင်ယင်ပုံသည် အထက်တန်းလွှာမှ ငယ်ရွယ်သော
ခပ်လန်းလန်းလူငယ်ကောင်လေး
အသွင်ကို ဆောင်သည်။
Jinwoo ဟာ Chanyeol ထပ်အသက် ၉ နှစ်ကြီးပြီး
Chanyeol ရဲ့သက်တော်စောင့်ဆိုရင်လည်း
မမှားသလို အစ်ကိုတစ်ယောက်ဆိုလျှင်လည်း
မမှားပါ။Chanyeol ၇ နှစ်သားအရွယ်လောက်က
တည်းက အတူတူရှိခဲ့ကြတာကြောင့်
နှစ်တွေဘယ်လောက်တောင်ရှိနေပြီလဲ။အခုဆို Chanyeol သည်ပင် ၁၉ နှစ်ရောက်နေပြီ။
အချိန်တွေကုန်တာမြန်လွန်းလှသည်။
မြို့အပြင်ဘက်ကို ၆ နာရီကျော်ကျော်လောက်
မောင်းလာပြီးတဲ့အချိန်တွင်တော့
ဆိုးလ်၏အနံ့အသက်တွေ ကင်းကွာလာခဲ့ပြီ။သစ်ပင်တွေများသော လမ်းသွယ်တစ်လျှောက်မို့
ပြတင်းပေါက်မှန်ချပေးလိုက်ပြီး
chanyeol ကို ထပ်မံလှည့်ကြည့်လိုက်၏။Chanyeol သည် လေတိုးလာသောအရပ်ကို
လှည့်ကြည့်ကာ ပြတင်းပေါက်ဘောင်ပေါ်
လက်တင်ပြီးပျင်းရိစွာ ခေါင်းမှီသည်။" အဆင်ပြေသွားမှာပေါ့ Chanyeol
ငါလည်းရှိတာပဲ "" စကားလာမပြောနဲ့ "
Chanyeol ၏ခပ်ပြတ်ပြတ်စကားသံကြောင့်
Jinwoo က သဘောကျစွာပြုံးရယ်သည်။