ကားဘရိတ်အုပ်သံထွက်ပေါ်လာချိန်တွင်
ကောင်းကင်ကြီးတစ်ခုလုံးသည် တိမ်တိုက်တွေ
အနီရောင်သမ်းနေသည့် ညနေခင်းအလွန်ကို
ရောက်ရှိနေပြီဖြစ်သည်။မျက်စိရှေ့မှာ လှမ်းမြင်နေရသောတောင်တန်းတွေ။
နေဝင်ဆည်းဆာကိုကျော်လွန်ချိန်ဖြစ်သည့်
အနီရောင်သမ်းနေသော ကောင်းကင်ကြီးနဲ့
မြင့်မားသော တောင်တန်းကြီးတွေကို
လှမ်းမြင်ရသည့်မြင်ကွင်းသည် ဝမ်းနည်းစရာခံစားချက်ကိုယူဆောင်လာပေးသည်။
မြေကွက်လပ်များတွင်
ညီညီညာညာစိုက်ပျိုးထားသော
စိုက်ခင်းငယ်တွေက အားကူသောအခါ
ပို၍ပင်ဝမ်းနည်းစရာကောင်းနေ၏။Chanyeol အမုန်းဆုံးကဒီလို
စိတ်ခံစားချက်တွေဖြစ်သည်။ပတ်ဝန်းကျင်အခြေအနေကြည့်ရန်
ကားပေါ်ကအရင်ဆင်းသွားတဲ့
jinwoo က ဘေးဘယ်ညာအကုန်ပတ်ကြည့်ပြီး
နောက်တွင် ကားဆီပြန်ရောက်လာသည်။" ဒီကနေ ဆင်းပြီး လမ်းလျှောက်ရမယ်ထင်တယ်
ကြည့်ရတာတော့
ကားဝင်လို့ရမယ့်နေရာမဟုတ်ဘူး "ကားရပ်ထားတဲ့နေရာက တောင်တန်းတွေနဲ့
မျက်နှာချင်းဆိုင်ဖြစ်ပြီး ဥယျာဉ်ကြီး၏
ဝင်ပေါက်တစ်ခုလည်းဖြစ်သည်။
ဒေါ်လေးရဲ့ အိမ်က ဒီဥယျာဉ်ကြီးအလယ်မှာရှိတာမို့
ကြည့်ရတာတော့ လမ်းလျှောက်ရ
တော့မည်ထင်သည်။
ဥယျာဉ်ကြီးကမနက်ခင်းမှာ ဘယ်လိုလဲမသိပေမယ့်
အခုမှောင်ရိပ်ကျနေတဲ့အချိန်မို့လားမသိဘူး
သစ်ပင်ကြီးတွေက မြင်ကွင်းတွင်မဲနေပြီး
စိုက်ထားတဲ့အပင်တွေကလည်း မဟုတ်ရင်
မြွေတွေထွက်လာတော့မယ့်အတိုင်းပဲမရောက်တာကြာတဲ့ 10 နှစ်ကျော်ကျော်မှာ
သစ်ပင်ကြီးတွေပိုမြင့်လာပြီး
ပန်းပင်တွေလည်းများလာသည်။Chanyeol သည် စိတ်ကုန်လွန်းလို့
ဘာမှမပြောတော့ပဲ
ကားနောက်က အိတ်ကိုယူကာ
အထဲဝင်လာခဲ့တော့သည်။jinwoo သည်ပင် ပတ်ဝန်းကျင်ကိုကြည့်ကာ
တော်တော်ကျောချမ်းသည်။သစ်ပင်ကြီးတွေက အလွန်များပြားစွာအုံ့ဆိုင်းနေပြီး
ညဘက်ဖြစ်တာမို့ သိတဲ့အတိုင်းပဲ