" ဒေါက် ဒေါက် "" ဒေါက် ဒေါက် Chanyeol "
" ဒေါက် ဒေါက် "
တံခါးခေါက်နဲ့အတူ ကြားနေရသော
ခေါ်သံများကြောင့် Chanyeol အိပ်နေရာမှ
နိူးလာခဲ့သည်။မျက်လုံးများဖြည်းဖြည်း ဖွင့်ကြည့်မိတဲ့အခါ
လင်းထိန်နေသော အလင်းရောင်စူးစူးကို
ထိတွေ့လိုက်ရသည်" Chanyeol ဒေါက် ဒေါက် "
အဆက်မပြတ်ခေါ်နေသူဟာ Jinwoo ဖြစ်ပါသည်။
Chanyeol သည်အိပ်ရေးမဝသေးတာကြောင့်
ဘယ်အချိန်ရှိပြီလဲ ဆိုတဲ့အတွေးနဲ့
အိပ်ယာဘေးက မီးအိမ်စင်ပေါ်မှာတင်ထားသော ဖုန်းကိုယူကြည့်လိုက်သည်သူသည် ဒေါသငယ်ထိပ်ရောက်သွားရ၏
" ၆ နာရီခွဲပဲ ရှိသေးတာကိုကွာ"
" ဒေါက် ဒေါက် Chanyeol
ထတော့ "" ဒေါက် ဒေါက် "
" Chanyeol ထတော့
ဒေါက်ဒေါက် "Chanyeol သည် သည်းမခံနိူင်တော့တာကြောင့်
အိပ်နေရာမှထထိုင်ကာ
ဖက်ထားသော ခေါင်းအုန်းအဖြူနဲ့ အခန်းတံခါးရှိရာကို ဝုန်းခနဲလှမ်းပစ်လိုက်သည်" 6 နာရီခွဲပဲရှိသေးတယ် လေ "
သူ့အသံက ဒေါသသံပါသွားတာကြောင့်
တံခါးအပြင်ဘက်ကလူက ခေတ္တငြိမ်သွား၏ထို့နောက်မှ ခပ်တိုးတိုးပြောလာသည်
" မင်းဒေါ်လေး နှိုးခိုင်းတာမို့ပါကွာ
ထ ထ လိမ္မာတယ် "ကျစ် !! Chanyeol သည် ခြုံထားသော စောင်ကို
ခြေထောက်နှစ်ဖက်လုံးနဲ့ကန်ချပစ်ကာ
ကုတင်ပေါ်ဝုန်းခနဲပြန်လှဲ လိုက်သည်သို့သော် စက္ကန့်ပိုင်းအတွင်းမှာ
ပြန်ထထိုင်မိလေသည်fkkkk
စိတ်ကုန်တယ်ကွာ
အိပ်နေလည်းမထူးတာသိတာကြောင့်
chanyeol သည်
ကုတင်ပေါ်မှထကာ
မျက်နှာသစ်အင်္ကျီလဲပြီး
အောက်ထပ်သို့ဆင်းသွားတော့သည်။မနေ့ညက မှောင်မည်းနေတာမို့
သေချာမကြည့်ခဲ့တာ။
မနက်ခင်းတွင်မြင်ရတဲ့ ဒေါ်လေးအိမ်က
အလွန်ရှေးဆန်စွာနဲ့ သပ်သပ်ရပ်ရပ်လှပသည်။
သုံးထားသော ပရိဘောဂတွေနဲ့ အလှဆင်ပစ္စည်းတွေကအစ ရှေးဆန်တော့ မြင်ရတဲ့လူရဲ့ရင်ထဲကို
တော်တော်နွေးထွေးသည့်ရှေးရိုးဆန်သော
ခံစားချက်တစ်ခုကို ယူဆောင်လာပေးသည်။
အိမ်၏ဧည့်ခန်းအလယ်မှာရှိနေတဲ့ ခုံပေါ်မှာတင်ထားသော ဓာတ်ပုံတွေထဲ Chanyeol နဲ့ဒေါ်လေး၏
ဓာတ်ပုံလေးက မြင်ကွင်းထဲတွင်ရှင်းနေသည်။
ဓာတ်ပုံထဲက Chanyeol သည် ၇နှစ်သား
အရွယ်လေးသာရှိသေးသည်။
ဒေါ်လေးငယ်ငယ်က ဓာတ်ပုံများထဲတွင်
မေမေ၏ငယ်ရွယ်သော ပုံရိပ်များလည်းရှိနေသည်။