Part 4

355 93 6
                                    

TIME BACK

နာရီဝက်လောက် သေချာလိုက်ကောက်ထားသောကျောက်တုံးတွေကိုစုကာ
အပုံလိုက်ဘေးမှာချပြီး မြက်ခင်းပြင်အပေါ်
ထိုင်ချလိုက်သည်။အရွယ်အစားမတူညီတဲ့
ကျောက်ခဲတွေကို ကြီးစဉ်ငယ်လိုက်စီလိုက်ပြီး
နောက် အကြီးဆုံးတစ်ခုကိုရွေးကာ ကျောက်ပြားပေါ်ချလိုက်သည်။ပြီးတော့
ဒုတိယအကြီးဆုံးတစ်ခု။
အဲ့လို တစ်ခုပြီးတစ်ခု စီသွားတာကနေ
ကျောက်ခဲတွေက တဖြည်းဖြည်း မြင့်မားလာသည်။
တစ်ချက်မှားတာနဲ့
အကုန်ပျက်စီးသွားမှာဖြစ်တဲ့အတွက်
ဖောင်းပြည့်ပြည့် လက်သေးသေးလေးတွေက
​အလွန်စေ့စပ်စွာနဲ့ စနစ်တကျ
​ကျောက်တုံးလေးတစ်ခုကို
ထပ်တင်ရန်ကြိုးစားနေသည်။

ခြေထောက်လေးနှစ်ဖက်ကိုဆင်းထားသော
chanyeol ​၏ခြေသလုံးလေးတွေက ဝတုတ်နေ​၏။
နားကားကားလေးအပေါ်က အနီရောင်ဦးထုပ်လေးက ဘေးနှစ်ဖက်သို့ဖောင်းနေသော
ပါးဖောင်းဖောင်းကြီးနဲ့လိုက်ဖက်သည်။

Chanyeol ၅ နှစ်သားအရွယ်က ဖြစ်ပါသည်။

အမေနဲ့အဖေက စီးပွားရေးအတွက် ရုန်းကန်ရင်း
ကလေးကို သူ့အဒေါ်ရှိရာ ပန်းဥယျာဉ်ကြီးဆီသို့
လအနည်းငယ်လောက်
လာရောက်အပ်နှံသွားကြသည့် အချိန်ကဖြစ်သည်။

ဥယျာဉ်ကြီးထဲက အရိပ်ရသော
အပင်ကြီးတစ်ပင်အောက်မှာ ခြေဆင်းထိုင်ရင်း
ကျောက်တုံးလေးတွေကို တစ်ခုချင်းဆီ
ထပ်စီနေသာ Chanyeol သည်
အဝေးကကြည့်လျှင်
ပြည့်ပြည့်ဖောင်းဖောင်းကလေး
ဝတုတ်လေးဖြစ်သည်။

၁၂ ခုမြောက်သော ကျောက်တုံးလေးကိုထပ်စီရန်
ထိုင်နေလို့အဆင်မပြေတာကြောင့် မြေကြီးကို
​လက်ထောက်ကာအားယူရင်း ထထိုင်သည်။
ပြိုလဲကျတော့မတတ် ဖြစ်နေတဲ့
ကျောက်ခဲပုံကိုကြည့်ရင်း သတ္တိမွေးကာ
သူ့လက်ထဲက ကျောက်တုံးသေးသေးလေးကို
ထပ်တင်ဖို့ပြင်လိုက်စဉ်တွင်
ဘယ်ကမှန်းမသိ လှိမ့်လာသော
ဘောလုံးတစ်လုံးက Chanyeol ​၏
ကျောက်ခဲမျှော်စင်လေးကို
တိုက်ခြေဖျက်စီးပစ်လိုက်လေသည်။
Chanyeol  သည် ခေတ္တမျှကြောင်အသွားခဲ့ပြီး
တစ်စစီပြိုလဲသွားသောကျောက်ခဲပုံလေးကို
ရပ်ကြည့်နေမိသည်။

ROSEMARY Where stories live. Discover now