မီးဖိုချောင်ထဲတွင် ရေသံများကြားနေရသည်။
အခြားမဟုတ် ဒေါ်လေးက
မနေ့ကညနေက ခူးထားသော အသီးအနှံများကို ခြင်းတောင်းကြီးနဲ့အပြည့်ထည့်ပြီး
ရေဆေးနေခြင်းဖြစ်သည်။
အိမ်အပြင်ဘက်တွင်တော့
jinwoo သည်ခြံထဲကအမှိုက်တွေကိုစုပြီး မီးရှို့နေသည်။Chanyeol တို့ရောက်နေခဲ့တာ
တစ်ပတ်ကျော်ကြာသွားပြီဖြစ်သည်။ဒီအချိန်တွေထဲ Chanyeol သည်
အခန်းထဲမှာနေသည်။ထမင်းဆင်းစားသည်။
ဒီနှစ်မျိုးက လွဲ၍အခြားဘာမှမလုပ်။
ထမင်းစားတဲ့အချိန်လေးပဲတွေ့ရတဲ့ မျက်နှာငယ်သည်လည်း စိတ်ပျက်လက်ပျက်ပုံစံသာဖြစ်သည်။
မရယ်မပြုံး။ စကားလည်းမပြော။
ခြံထဲကိုလည်း တစ်ခါမှသွားမကြည့်တော့ပါညနေပိုင်းတွေလည်းအပြင်မထွက်ဘူး။
အခန်းထဲမှာပဲ နားကြပ်တပ်ပြီးလှဲအိပ်နေသည်။
ဒီတိုင်းတော့ လွှတ်ထားလို့မဖြစ်တော့တာကြောင့်
ဒေါ်လေးသည်
အသီးတွေကို ရေဆေးပြီးတဲ့နောက်တွင်
ရေစိုနေသော လက်တွေကိုသုတ်လိုက်ပြီး
ဧည့်ခန်းကနာရီကိုသွားကြည့်သည်ညနေလေးနာရီခွဲတော့မည်။
ဒါ အချိန်ကောင်းမို့ အပေါ်သို့တတ်သည့်လှေကား
အနားကိုလျှောက်သွားကာ အော်ခေါ်လိုက်သည်" Chanyeol .. "
တစ်ခါခေါ်တဲ့ အခါ တုံ့ပြန်မှုမရှိ
" Chanyeol သားငယ် "
" ဗျာ "
ဒုတိယ အကြိမ်မှဖြေသံကြားရသည်
" အောက်ခဏ ဆင်းခဲ့အုန်း "
အပေါ်ထပ်မှ ခြေသံကြားတဲ့အခါ
ဒေါ်လေးသည် ခုနကရေဆေးထားသော အသီးများရှိရာပြန်သွားပြီး ကြိမ်ခြင်းတောင်းတစ်ခုထဲသို့
တစ်ဝက်ပြောင်းထည့်လိုက်သည်။
Chanyeol သည် စပို့ရှပ်လက်ရှည်အညိုရောင်နဲ့
ဂျင်းဘောင်းဘီခပ်ပွပွကိုဝတ်ထားကာ
လှေကားပေါ်မှပျင်းရိပျင်းတွဲ ဆင်းလာသည်မီးဖိုချောင်ထဲက ဒေါ်လေးကိုမြင်တော့မှ
နားကြပ်တပ်ထားတာကိုဖြုတ်ပြီး
ဘောင်းဘီအိတ်ထဲထည့်လိုက်၍
အနားကိုလျှောက်လာသည်" ခေါ်လား "
ဒေါ်လေးသည် အသီးအနှံတွေအပြည့်အဝခွဲပေးပြီးတဲ့နောက်တွင် ကြိမ်ခြင်းတောင်းကိုအဖုံးပိတ်၍
chanyeol ကိုလှမ်းပေးလိုက်သည်