🍒Tᴀᴇ Tᴀᴇ🍒
"ထယ်လေးဒီမှာစတော်ဘယ်ရီအအေး..."
"ဟီး...သိုင်းကျူးပါ.."
ဂျောင်ကုလည်းထယ်ယောင်းခေါင်းလေကိုဖွဖွလေးပုတ်လိုက်သည်။
ထယ်ယောင်းကရေဆာတယ်ဆိုလို့ဆိုင်တစ်ဆိုင်မှာ၀င်ထိုင်နေရချင်းဖြစ်သည်။ထယ်ယောင်းအအေးကိုသောက်နေရင်းအပြင်ကိုကြည့်မိတော့လက်တွဲကာဆူပုပ်ပုပ်မျက်နှာပေးများဖြင့်လမ်းလျှောက်နေသောယွန်းဂီနဲ့ဂျီမင်ကိုတွေ့သည်။
"အဟွတ်..အဟွတ်..."
"ထယ်လေးရယ်ဖြေးဖြေးသောက်လေ..."
ထယ်ယောင်းမထင်မှတ်ထားတဲ့မြင်ကွင်းကိုမြင်လိုက်ရတာကြောင့်အအေးသီးသွားသည်။
ထယ်ယောင်းကိုဘေးကနေပြုံးပြုံးကြီးနဲ့ကြည့်နေတဲ့ဂျောင်ကုမှာလည်းအလန့်တစ်ကြားနဲ့ကျောကိုပုတ်ပေးနေရဲ့။"ကိုကို..ဟိုမှာယွန်းဂီနဲ့ဂျီမင်...အဟွတ်..."
ဂျောင်ကုလည်းထယ်ယောင်းပြောသည့်နေရာကိုလှမ်းကြည့်လိုက်တော့တွေ့လိုက်သည်ကယွန်းဂီနဲ့ဂျီမင်ပင်...
"ဒီကောင်တွေဒီကိုဘာလာလုပ်ကြတာပါလိမ့်.."
ဂျောင်ကုနဲ့ထယ်ယောင်း ယွန်းဂီနဲ့ဂျီမင်ကိုကြည့်နေသည်။
နောက်မှထိုနှစ်ယောက်ကဂျောင်ကုနဲ့ထယ်ယောင်းကိုမြင်ပြီးဆိုင်ထဲ၀င်လာကြသည်။"ဂျီမင်နဲ့ယွန်းဂီ...ဒီကိုဘာလာလုပ်ကြတာလဲ..??"
ထယ်ယောင်းမှမေးတော့ဂျီမင်က...
"ထယ်ယောင်းရယ်...ဒီနေ့ငါ့အဖေကငါ့ကိုအပြင်မထွက်ရဘူးတဲ့လေ..အဲ့တာယွန်းဂီကိုငါ့သူငယ်ချင်းယောင်ဆောင်ပြီးလာခေါ်ခိုင်းတာကိုငါ့အဖေကငါ့ရည်းစားထင်ပြီးအတင်းတွေသဘောတူနေတယ်ကွာ...ငါလဲငြင်းတာပဲငြင်းလို့မရဘူး...အဖေကယွန်းဂီတို့မိဘတွေနဲ့လည်းသိတွေတဲ့...အခုလဲငါ့တို့ကိုလွတ်လွတ်လပ်လပ်နေပါဆိုပြီးအပြင်အတင်းလွှတ်လို့ငါတို့ထွက်လာတာ..."
"ဟမ်...အဲ့တာဆိုဟိုဆော့hyungကရော..ဘယ်ရောက်နေတာလဲ...??"
"အကိုဟိုဆော့ကဆရာ၀န်ဆိုတော့ဘူဆန်မှာလူတွေကိုဆေးကုပေးနေတယ်ကွ...3လလောက်တော့ကြာမယ်ပြောတာပဲ..'
YOU ARE READING
🍒Tae Tae🍒
FanfictionJeon companyရဲ့Ceoဖြစ်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Jeon jungkookဘ၀ထဲကိုTaehyungလို့ခေါ်တဲ့အမွှေစိန်ကောင်လေးတစ်ယောက်ရောက်ရှိလာတဲ့အခါ~~ ကင်မ်ဘယ်ရီ🍒 Jeon companyရဲ့Ceoဖြစ်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Jeon jungkookဘ၀ထဲကိုTaehyungလို့ခေါ်တဲ့အမေ...