{18}

3.3K 161 4
                                    

🍒Tᴀᴇ Tᴀᴇ🍒

"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာမဖြေကြားနိုင်သေးပါသဖြင့်..."

ထယ်ယောင်းဖုန်းချပစ်လိုက်သည်။
သူနဲ့ဂျောင်ကုဟိုတစ်နေ့ကပွဲကနေပြန်ပြီးကတည်းကဂျီမင်ကိုဖုန်းခေါ်လို့မရတာ2လလောက်ရှိနေပြီဖြစ်သည်။
ဟိုတစ်နေ့ကဟိုဆော့hyungပြန်လာတာတောင်ဂျီမင်ကလာမကြိုဘူးလို့ဟိုဆော့hyungဖုန်းဆက်ပြောလို့သူသိထားရသည်။

ဒီကောင်ဂျီမင်ဘာဖြစ်လို့ပါလိမ့်...??

*တင်းတောင်...*

ထယ်ယောင်းလည်းဘဲတီးသံကြားလို့တံခါးသွားဖွင့်လိုက်တော့...

"ဟင်....ဂျီမင်....??"

တံခါးပေါက်၀မှာရပ်နေတဲ့ဂျီမင်....
ငိုထားသည်မလို့မျက်လုံးတွေအစ်နေပြီးပွပွအနွေးထည်တွေအထပ်ထပ်၀တ်ထားသည်။
ဂျီမင်မှထယ်ယောင်းကိုမြင်တော့ပြေးဖက်ကာတစ်အင့်အင့်နဲ့ငိုတော့သည်။

"အီး..ဟီး...ထယ်ယောင်းနား...ဟင့်.."

"ဘာဖြစ်တာလဲဂျီမင်..??လာလာအိမ်ထဲ၀င်..."

ထယ်ယောင်းလည်းဂျီမင်ကိုဆိုဖာပေါ်ထိုင်ခိုင်းလိုက်သည်။
သူလည်းရေတစ်ခွက်သွားယူပြီးဂျီမင်ကိုတိုက်လိုက်သည်။

"ရော့...သောက်လိုက်အုန်း..."

ဂျီမင်လည်းရေခွက်ကိုယူကာမော့ချလိုက်သည်။
ထယ်ယောင်းမှဂျီမင်ကိုကြည့်ကာ....

"ဂျီမင်...မင်းဘာဖြစ်လာတာလဲ...??"

"ဟင့်..အင့်..ထယ်ယောင်း..ငါ့..ငါ့မှာ..အင့်.."

"မင်းမှာဘာဖြစ်တာလဲ...??ငါ့ကိုပြောပြလေဂျီမင်...??"

"ငါ့..ငါ့မှာကိုယ်၀န်ရှိနေပြီ...အီး..ဟီး.."

"ဟမ်..!!!!!!"

ဂျီမင်စကားကြောင့်ထယ်ယောင်းမှာမယုံကြည်နိုင်စွာပင်....

"မင်း..တ..တကယ်ပြောတာလား...??"

"ဟင့်...ဟုတ်တယ်ထယ်ယောင်း..အင့်...ငါအကိုဟိုဆော့ကိုဆေးစစ်ခိုင်းလိုက်တာ..ကိုယ်၀န်ရှိနေတယ်တဲ့...ဟင့်.."

ထယ်ယောင်းကတော့သူ့နားပင်သူမယုံနိုင်တော့...
ဂျီမင်မှာလည်းပိုလို့ပင်ငိုနေဆဲပင်...

🍒Tae Tae🍒Where stories live. Discover now