🍒Tᴀᴇ Tᴀᴇ🍒
"အာ...ဗိုက်နာလိုက်တာ..."
ထယ်ယောင်းတစ်ယောက်အိပ်နေရင်ဗိုက်နာလာလို့ကုတင်ပေါ်ကနေထထိုင်လိုက်သည်။
သူနာရီကိုကြည့်လိုက်တော့ည2နာရီပဲရှိသေးတာပင်...
သူလဲဖုန်းမီးဖွင့်ကာအိမ်သာထဲသို့၀င်လိုက်သည်။
သူကိစ္စပြီးတာနဲ့တံခါးဖွင့်ကာအပြင်ထွက်လိုက်တဲ့အချိန်..."ဟင်း...ဟင်း...ဟင်း....ဟင်း..."
သူ့နားထဲညီးသံတစ်ခုကြားလိုက်ရသည်။
သူလဲဘေးကိုလျှောက်ပတ်ကြည့်တော့ဘာမှမတွေ့ရပေ...ဒီအချိန်ကြီး...ဟင်း..ဟင်း...ဟင်း...ဆိုတော့..သ..သရဲများလား....???
ထယ်ယောက်ကြောက်စိတ်တွေတစ်ဖြန်းဖြန်းထလာရသည်။
သူလဲအမြန်ပင်အိပ်ခန်းထဲသို့၀င်လိုက်တော့ဆိုငြီးသံတွေဟာပိုကျယ်လာသလိုလို...
ထယ်ယောင်းလည်းထိုအသံလာရာကိုလိုက်ကြည့်တော့ကုတင်ပေါ်မှာအိပ်နေသောဂျောင်ကုဆီကပင်...."ဟင်...ကိုကို...??"
ဂျောင်ကုမှာတစ်ကိုယ်လုံးတုန်နေသည်။
ထယ်ယောင်းလည်းဂျောင်ကုနှာဖူးပေါ်လက်တင်ကြည့်လိုက်တော့...."အာ....ပူလိုက်တာ…..!!!!"
တစ်ကိုယ်လုံးပူကျစ်နေတဲ့ဂျောင်ကုကြောင့်ထယ်ယောင်းမှာသူ့ကိုကိုဖျားနေမှန်းသိလိုက်ရသည်။
"ကိုကို..ညနေကချွေးအအေးပတ်ပြီးဖျားသွားတာထင်တယ်..."
ထယ်ယောင်းလည်းတစ်အိမ်လုံးမီးတွေဖွင့်လိုက်ကာဆရာ၀န်ကြီးဖြစ်တဲ့ဟိုဆော့ဆီဖုန်းဆက်ရပါတော့သည်။
🍒Tᴀᴇ Tᴀᴇ🍒
"ခလော...ခလူး....ဖူး....."
အသံပေါင်းစုံထွက်ကာအိပ်ပျော်နေသောဟိုဆော့ပင်...
သူဒီနေ့ဆေးရုံမှာလူနာတွေကအရမ်းများတာမလို့ည11နာရီမှအိမ်ပြန်ရသည်။
သူလည်းအိမ်ပြန်ရောက်ပြီဆိုတာနဲ့အ၀တ်စားလဲကာတန်းအိပ်ပစ်တာအခုထိပင်...
သူအိပ်လို့ကောင်းနေတုန်း...."ဒူးးးးးးဒူးးးးးးးဒူးးးးးးး"
စားပွဲခုံပေါ်တင်ထားတဲ့ဖုန်းကထမြည်လာသည်။
သူလဲအိပ်ချင်မူးတူးမျက်လုံးမဖွင့်ပဲနဲ့ဖုန်းထကိုင်လိုက်သည်။
YOU ARE READING
🍒Tae Tae🍒
FanfictionJeon companyရဲ့Ceoဖြစ်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Jeon jungkookဘ၀ထဲကိုTaehyungလို့ခေါ်တဲ့အမွှေစိန်ကောင်လေးတစ်ယောက်ရောက်ရှိလာတဲ့အခါ~~ ကင်မ်ဘယ်ရီ🍒 Jeon companyရဲ့Ceoဖြစ်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Jeon jungkookဘ၀ထဲကိုTaehyungလို့ခေါ်တဲ့အမေ...