🍒Tᴀᴇ Tᴀᴇ🍒
"ထယ်လေးရေ....ထယ်လေး...."
"ဟင်...ကိုကို...."
ဒီနေ့ကျမှအလုပ်ကနေစောစောပြန်လာပါသောဂျောင်ကုကိုကြည့်ကာထယ်ယောင်းမှာအံသြလျက်...
ဂျောင်ကုအဖျားပျောက်ပြီးနောက်ပိုင်းcompanyကအလုပ်ကိစ္စတွေနဲ့ဂျောင်ကုတစ်ယောက်မအားမလပ်ဖြစ်နေတာပင်....
ဒီရက်ပိုင်းဂျောင်ကုအလုပ်ကိစ္စနဲ့မအားတာကြောင့်ထယ်ယောင်းကိုတောင်အချိန်သိပ်မပေးနိုင်ပေ...ဒါပေမဲ့ဒီနေ့ကျဂျောင်ကုအိမ်ကိုစောစောပြန်လာသည်မလို့ထယ်ယောင်းအံသြမိသလိုပျော်လဲပျော်ရသည်။
"ကိုကို...ဒီနေ့အစောကြီးပြန်လာပါလား...??"
"ဟုတ်တယ်ထယ်လေးရဲ့...ဒါနဲ့ထယ်လေးကိုကိုယ်ပြောစရာရှိတယ်..."
"ပြောလေကိုကိုရဲ့..."
"ကိုယ်မနက်ဖြန်ကြရင်ပြင်သစ်နိုင်ငံကိုအလုပ်ကိစ္စနဲ့သွားရမယ်ထယ်လေး...."
"ပြင်သစ်ကို...??ကိုကိုတစ်ယောက်ထဲလား...??"
"မဟုတ်ဘူးထယ်လေး...ယွန်းဂီလည်းပါမှာ..."
"အဲ့တာဆိုကိုကိုကအကြာကြီးသွားမှာပေါ့..."
"အဲ့တာတော့ကိုယ်မပြောတတ်ဘူးထယ်လေးရဲ့....ကြာရင်လည်းကြာနိုင်သလိုမြန်ရင်လည်းမြန်နိုင်တယ်..."
"အော်..."
ဂျောင်ကုစကားကြောင့်မျက်နှာလေးညိုးသွားရှာတဲ့ထယ်ယောင်း...
ဂျောင်ကုလည်းထယ်ယောင်းကိုဖက်ကာ..."ထယ်ဘာမှစိတ်မပူနဲ့...ကိုယ်အတတ်နိုင်ဆုံးမြန်မြန်ပြန်လာခဲ့မယ်..."
"ဒါပေမဲ့.......ကိုကိုအရမ်းကြာနေရင်ကော..."
မျက်ရည်လေးတွေ၀ဲနေတဲ့မျက်လုံးကလေးများကြောင့်ဂျောင်ကုစိတ်မကောင်းပေ...
ဒါပေမဲ့သူအတတ်နိုင်ဆုံးပြုံးပြီး..."ကတိပေးပါတယ်ထယ်လေး....ကိုယ်အမြန်ဆုံးပြန်လာခဲ့မယ်....တကယ်လို့ပြန်လာလို့မရတော့ဘူးဆိုရင်တောင်မှအမြန်ဆုံးနဲ့ပန်ကန်လုံးစီးပြီးကိုယ်လာခဲ့မယ်နော်..."
"ကိုကိုကလည်း....."
"ဟာ...ထယ်လေးကကိုယ့်ကိုမယုံဘူးလား...မယုံရင်ယုံအောင်ဘယ်လိုလုပ်ရမလဲ...???"
![](https://img.wattpad.com/cover/302650069-288-k865124.jpg)
YOU ARE READING
🍒Tae Tae🍒
FanfictionJeon companyရဲ့Ceoဖြစ်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Jeon jungkookဘ၀ထဲကိုTaehyungလို့ခေါ်တဲ့အမွှေစိန်ကောင်လေးတစ်ယောက်ရောက်ရှိလာတဲ့အခါ~~ ကင်မ်ဘယ်ရီ🍒 Jeon companyရဲ့Ceoဖြစ်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Jeon jungkookဘ၀ထဲကိုTaehyungလို့ခေါ်တဲ့အမေ...