🍒Tᴀᴇ Tᴀᴇ🍒
ဂျောင်ကုပြန်မလာတာတစ်နှစ်တောင်ပြည့်ခဲ့ပြီ...
ထယ်ယောင်းမှာဒီတစ်နှစ်အတွင်းဂျွန်မီယောင်းနဲ့ဂျွန်ထယ်ဟွန်းလို့ခေါ်တဲ့အမွှာလေးနှစ်ယောက်မွေးဖွားခဲ့သည်။
ဂျွန်မီယောင်းလေးကမိန်းကလေး....ဂျွန်ထယ်ဟွန်းလေးကယောကျားလေး....
ကလေးနှစ်ယောက်လုံးကဂျောင်ကုလိုမျက်လုံး၀ိုင်း၀ိုင်းလေးတွေပါသည်။
ဂျောင်ကုဆီကအမွေရထားသကဲ့သို့ပင်...အခုဆိုအမွှာလေးနှစ်ယောက်က5နှစ်ကျော်ပြီ...
ပါးဖောင်းဖောင်းလေးတွေနဲ့....စကားမပြီကလာပြီကလာလေးတွေနဲ့ပင်....
ထိုပိစိလေးတွေကတော့jin၊ဟိုဆော့၊ဂျီမင်၊ထယ်ယောင်း၊ဂျီယွန်းလေးတို့ရဲ့အသဲကျော်တွေဖြစ်လျက်...
အကုန်လုံးက၀ိုင်းချစ်ကြသည့်အမွှာလေးတွေပင်...."ပါးပါး....သားသားကရားကွင်းသွားချင်ရယ်..."(ပါးပါး....သားသားကစားကွင်းသွားချင်တယ်...)
စာဖတ်နေတဲ့ထယ်ယောင်းရဲ့အကျီကိုဆွဲကပြောနေတဲ့ထယ်ဟွန်းလေး....
ထိုအခါမီယောင်းလေးကလည်း...."ဟုတ်ရာယ်ပါးပါး...သမီးရဲသွားချင်ရယ်...ရိုက်ပို့ပေးပါရား..."(ဟုတ်တယ်ပါးပါး...သမီးလဲသွားချင်တယ်...လိုက်ပို့ပေးပါလား...)
ကျီစကိုဆွဲကာအတင်းပူစာနေတဲ့သူ့ရဲ့သဲချာလေးတွေကိုကြည့်ကာပြုံးလိုက်ပြီး...
"ကောင်းပြီလေ...ပါးပါးလိုက်ပို့ပေးမယ်...ဒါပေမဲ့ပါးပါးစကားတော့နားထောင်ရမယ်နော်...."
ထယ်ယောင်းပြောလိုက်တော့ခေါင်းလေးတွေငြိမ့်ပြပါသောအမွှာလေးနှစ်ယောက်...
ထယ်ယောင်းလည််းမီယောင်းလေးနဲ့ထယ်ဟွန်းလေးတို့ကိုဖက်ကာတစ်ရွှတ်ရွှတ်နမ်းနေလေသည်။"ဦးဦးထယ်ယောင်းရေ...မီယောင်းလေးရေ...ထယ်ဟွန်းလေးရေ...သမီးတို့လာတယ်..."
ထိုအချိန်အိမ်ထဲသို့၀င်လာကြပါသောဂျီယွန်းလေးနဲ့ဂျီမင်...
ဂျီယွန်းလေးကအခုဆိုအသက်11နှစ်ပြည့်ပြီပင်....
ဂျီယွန်းလေးလည်းကျောင်းပိတ်ဆိုထယ်ယောင်းတို့အိမ်လာပြီးအမွှာလေးတွေနဲ့ကစားနေကြပင်...."မမဂျီယွန်းရာရယ်..."(မမဂျီယွန်းလာတယ်...)
အမွှာလေးတွေကတော့ဂျီယွန်းလေးကိုတွေ့တယ်ဆိုတာနဲ့ပြေးဖက်ကြပါတော့သည်။
ကလေးတွေကတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြသည်။
YOU ARE READING
🍒Tae Tae🍒
FanfictionJeon companyရဲ့Ceoဖြစ်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Jeon jungkookဘ၀ထဲကိုTaehyungလို့ခေါ်တဲ့အမွှေစိန်ကောင်လေးတစ်ယောက်ရောက်ရှိလာတဲ့အခါ~~ ကင်မ်ဘယ်ရီ🍒 Jeon companyရဲ့Ceoဖြစ်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Jeon jungkookဘ၀ထဲကိုTaehyungလို့ခေါ်တဲ့အမေ...