Part 51-သူမကိုလက်ထပ်မှာမဟုတ်ဘူး။

7.2K 637 80
                                    

Unicode

လန်လေးကိုချီရင်း အီရန့်ကသူ့ရဲ့အစီအစဉ်ကိုပြောဖို့ ဟန်လုကိုလိုက်ရှာမလို့လုပ်နေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မီးဖိုချောင်ကအထွက် မိုဟန်လုနဲ့ဝင်တိုက်မိတော့တယ်။

"အိုး..သတိထားလေ"

ဟန်လုက သူ့ရင်ဘတ်ကိုဝင်တိုက်လာတဲ့ သားအဖကို လှမ်းဖမ်းလိုက်တယ်။ဟန်လုက အခုလေးတင် မိုလောင်ထရန်းနဲ့ဖုန်းပြောခဲ့တာကို အီရန့်ကိုပြန်တင်ပြဖို့လာခဲ့တာ။

"အိုး..အတော်ပဲ..မင်းရဲ့သားက မင်းကိုမေးစရာရှိလို့တဲ့" အီရန်က ပြုံးရင်းပြောလိုက်တယ်။

"ဘာမေးချင်တာလဲ ကောင်လေး?" ဟန်လုက အီရန့်ဆီက လန့်ကိုချီကာ မေးလိုက်ရင်း နောက်မှာရှိနေတဲ့ဟန်နရီကိုလျစ်လျူရှုထားလိုက်တယ်။

အမှန်အတိုင်းပြောရရင် အီရန်နဲ့ဟန်နရီကြားမှာဘာမှမဖြစ်ခဲ့တာတောင် ဟန်လု ဟန်နရီကို သိပ်မကြည့်ရသေးဘူး။

"အာ.." လန်လေးက ပါးနှစ်ဖက်ရဲကာ ရှက်နေတယ်။ဟန်လုက ထိုပုံစံလေးကို အရမ်းချစ်ဖို့ကောင်းတယ်လို့ ခံစားလိုက်မိပြီး သူ့ကိုယ်သူတည်ငြိမ်အောင်ထားလိုက်ရတယ်။

သူ့သားက ချောမောတဲ့ကလေးဖြစ်တယ်ဆိုတာ သိပေမဲ့ လန်လေးက အီရန်နဲ့သူ့ရဲ့ကလေးဆိုတာကို ဂုဏ်မယူဘဲမနေနိုင်တော့ဘူး။လန်လေးလိုကလေးတွေအများကြီးဖန်တီးဖို့အတွေးက မိုဟန်လုကို ရုတ်ချည်းစိတ်လှုပ်ရှားလာစေတော့တယ်။

"အမ်.." လန်လေးက ကလေးလေးတစ်ယောက်ကသာတောင်းဆိုလောက်မဲ့အရာကိုပြောရမှာ ရုတ်တရပ်ရှက်လာတယ်။သူက အခုအရွယ်ရောက်နေပြီဖြ်ပေမဲ့မိဘတွေနဲ့တူတူအိပ်ချင်နေတုန်းပဲ။လန်လေးက ဖေဖေ့ကိုလိုချင်တာမပူဆာဖူးဘူး။

"သားမရှက်ဘဲ ဒယ်ဒီ့ကိုပြောကြည့်..ဘာလဲ? အရုပ်အသစ်လိုချင်လို့လား?Disney? DisneyLandကိုသွားချင်လို့လား?" ဟန်လုက လိုက်လိုက်လျောလျောနဲ့မှန်းပြီးပြောကြည့်လိုက်တယ်။သူ့သားဘာပဲလိုချင်လိုချင် ဘာပဲဖြစ်ဖြစ်ရစေရမယ်။

"နိုး...အရုပ်လည်းမဟုတ်ဘူး..Disneylandလည်းမဟုတ်ဘူး" လန်လေးက ရယ်ရင်းဟန်လုကိုဖက်လိုက်တယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Donde viven las historias. Descúbrelo ahora