Part 52-ပြောင်းလဲသွားတဲ့အမျိုးသား။

3K 361 23
                                    

Unicode

"အဖေ သတင်းကကြားကြားချင်း ပြေးလာခဲ့တာ..အဆင်ပြေရဲ့လား" ဂျော့ဂျ်ဆူလန်က ဝယ်လာတဲ့ပစ္စည်းတွေကိုစားပွဲပေါ်တင်လိုက်ပြီးနောက် ဒန်နီရယ့်ကိုစိုးရိမ်တဲ့မျက်ဝန်းတွေနဲ့ လှမ်းကြည့်တယ်။

အရာအားလုံးကိုဆုံးရှုံးပြီး အရင်ကလက်မခံခဲ့တဲ့အရာတွေကို လက်ခံလိုက်ပြီးတဲ့နောက်မှာ သူအများကြီးစိတ်ပေါ့ပါးပြီးပျော်ရွှင်လာတယ်။

အရင်ကလုပ်ရပ်တွေအတွက်နောင်တရနေရင်း အမှားတွေအတွက်အတတ်နိုင်ဆုံးပြန်ပေးဆပ်ဖို့ကြိုးစားနေတယ်..အထူးသဖြင့် သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့ ဒန်နီရယ့်ကိုပေါ့။

လွန်ခဲ့တဲ့၂နှစ်ကျော်မင်္ဂလာပွဲတုန်းက ဒန်နီရယ့်ဆီမှာ သူ့အမှားတွေကိုဝန်ခံတောင်းပန်ပြီး ခွင့်လွှတ်ပေးဖို့တောင်းဆိုခဲ့တယ်။ကံကောင်းထောက်မစွာ ဒန်နီရယ်ကခွင့်လွှတ်ပေးပြီးတဲ့နောက်မှာ အဖေနဲ့သားထုံးစံအတိုင်း ရံဖန်ရံခါဖုန်းခေါ်ပြောဖြစ်ကြတယ်။

ဒန်နီရယ့်အမျိုးသား မိုလောင်ထရန်းကသူ့ကိုသိပ်မယုံကြည်သေးတာကိုသိပေမဲ့ ဒါကလည်းသူ့လုပ်ရပ်တွေကြောင့်ပဲဆိုတာ နားလည်ပါတယ်။ဒါပေမဲ့ အခုတော့ တကယ်မှန်မှန်ကန်ကန်ကြိုးစားပြောင်းလဲပြီးပြီ။

ဒါကြောင့်လည်း ခုနဒန်နီရယ့်အဖိုးဖုန်းဆက်ပြီးပြောတော့ အခြေအနေကိုအမြန်လာကြည့်တာ။တကယ်တော့ လွန်ခဲ့တဲ့မိနစ်၂၀လောက်တည်းက ရောက်နေပေမဲ့ အခန်းထဲမှာ သူ့အကိုကြီးနဲ့တူတွေ ရောက်နေတာတွေ့လိုက်လို့။သူတို့ကို ဒန်နီရယ့်မင်္ဂလာပွဲပြီးကတည်းကမတွေ့ဖြစ်တော့တာ..ဒါကြောင့်လည်း အခုပြန်တွေ့ရင် မျက်နှာပူစရာတွေဖြစ်မှာစိုးလို့ ဂျော့ဂျ်ကသူတို့ပြန်မဲ့အချိန်ကိုစောင့်နေခဲ့တယ်။

"ကျွန်တော် အဆင်ပြေသွားပါပြီ အဖေ..လောင်ထရန်းကဘေးနားမှာနေပြီး သေချာဂရုစိုက်ပေးပါတယ်" 

ဒန်နီရယ်က ပြုံးကာ ပြန်ဖြေလိုက်တယ်။သူ့အဖေရဲ့စိုးရိမ်မှုကိုခံစားမိပြီး ဒန်နီရယ့်နှလုံးသားကနွေးထွေးသွားတယ်။သူ့အဖေအများကြီးကောင်းမွန်လာတဲ့အတွက် ခွင့်လွှတ်ပေးဖို့ရွေးချယ်ခဲ့တာကို နောင်တမရဘူး။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now