Part 53-ရန်သူတစ်ယောက်ကိုနှိမ်နင်းခြင်း။

5.2K 356 42
                                    

Unicode

သတိပေးချက်: ဤအပိုင်းအတွက် ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှု ပါဝင်သည်။
***

"အသက်ရှင်နေသေးတယ်ဟုတ်လား? အဲ့ကောင်စုတ်ကလေ?" စုံထောက်ဆီကသတင်းကိုကြားတော့ အမျိုးသမီးကဒေါသထွက်တယ်။

အရင်တပတ်ကကြိုးစားခဲ့သမျှအရာအားလုံး သဲထဲရေသွန်ဖြစ်သွားတဲ့အတွက် ပိုက်ဆံကုန်တာပဲအဖက်တင်တယ်။ဒီတစ်ခါတော့ ကလဲ့စားချေနိုင်တော့မယ်ထင်နေတာ..ခုတော့ အစကနေပြန်စရတော့မဲ့ကိန်းဆိုက်နေပြီ။

"ဟုတ်ပါတယ် သူဌေးကတော်။သူနာပြုတွေက ဒန်နီရယ်မိုကအမြွှာလေးတွေကိုကိုယ်ဝန်လွယ်ထားရပြီး အခြေအနေကောင်းရင်ဆေးရုံဆင်းရမယ်လို့ သူနာပြုတွေပြောနေတာကို ကျွန်တော်ကိုယ်တိုင်ကြားခဲ့တာပါ"

"အခုတော့ဒီလောက်ပဲသိရသေးတယ်။ဆေးရုံတစ်ဝိုက်မှာလုံခြုံရေးတိုးမြှင်ထားတော့ သတင်းယူဖို့ခက်ခဲတယ်"

"ကောင်းပြီ..ဒါပေမဲ့ သူတို့ကိုဆက်စောင့်ကြည့်ထား။ဒန်နီရယ်မိုရဲ့သတင်းမှန်သမျှအကုန်သိချင်တယ်..ငါမရပ်ခိုင်းမချင်း သတင်းဆက်ပို့နေ" ဆူဆန်ဆူလန်က စိတ်တိုတိုနဲ့ဖုန်းချလိုက်တယ်။

"အဲ့ကောင်ကအသက်တော်တော်ပြင်းတာပဲ" ဆူဆန်က ဖုန်းကိုဆုပ်ကိုင်ထားရင် အံကြိတ်တယ်။

တစ်ယောက်ယောက်ကို စိတ်ထွက်ပေါက်အနေနဲ့ ထုရိုက်ချင်စိတ်ဖြစ်ပေါ်လာတယ်။အချိန်ကိုက်ပဲ တံခါးခေါက်သံကပေါ်ထွက်လာပြီး သူနာပြုလေးက ဆေးသောက်ရန်သတိပေးဖို့ဝင်လာတယ်။ဆူဆန်ဆူလန်က ရုတ်တရပ် သူနာပြုလေးကိုခုန်အုပ်ကာ ကြမ်းပြင်ပေါ်လဲကျအောင်လုပ်လိုက်တယ်။

"မကောင်းဆိုးဝါးကောင်! သေစမ်း! သေ! ဘာလို့မသေနိုင်ရတာလဲ?! အပျက်ကောင်!" ဆူဆန်က ပါးစပ်ကစူးစူးဝါးဝါးအော်ဟစ်ရင်း ကြောက်လန့်နေတဲ့သူနာပြုလေးကို ရိုက်နှက်တော့တယ်။သူနာပြုမလေးက ပြန်ခုခံဖို့ကြိုးစားပေမဲ့ ဆူဆန်နဲ့အားချင်းမယှဉ်နိုင်တဲ့အတွက် ကြမ်းပြင်နဲ့ခေါင်းနဲ့ရိုက်မိပြီး သတိလစ်သွားတော့တယ်။

သတိမေ့နေတဲ့သူနာပြုကို ဆူဆန်ကဆက်လက်ရိုက်ပုတ်နေတဲ့အချိန်မှာ တခြားသူနာပြုတွေဝင်လာပြီး ဝိုင်းဆွဲကြတော့တယ်။

You've reached the end of published parts.

⏰ Last updated: Jul 27, 2023 ⏰

Add this story to your Library to get notified about new parts!

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now