Zawgyi
"စိုးရိမ်နေတဲ့ကိစ္စဟာ ဖြစ်လာခဲ့ပြီ"
ဒီနေ့သူတို့နှစ်ယောက်ကြားဖြစ်သွားသည့်ကိစ္စက ရှန်းရင်ကိုလေးနေစေပြီး ရုံးမှာရှိတုန်းကရော၊ အခုအိမ်ပြန်ရောက်သည့်အထိရော အတော်လျှောက်တွေးနေမိစေသည်။
ဟိုတစ်ယောက်က ဒီလောက်ကြီး သူ့ကိုအထိမခံနိုင်ဖြစ်ပြီး စိတ်လိုက်မာန်ပါတွေလုပ်ခါနီးနီးပုံက စိုးရိမ်စိတ်လေးလည်းဝင်စေသည်လေ။အမှန်က သူကတကယ့်လုပ်ငန်းရှင်ကြီးတစ်ယောက်နဲ့သိခွင့်ရပြီး ပရိုဂျက်တချို့ပြောဆိုဖြစ်ခဲ့လို့ ဝမ်းသာလွန်းသည့်ပုံလေးလုပ်ပြမလို့။ ဒါပေမယ့် ဟိုတစ်ယောက်က စကားကိုဆုံးအောင်တောင်နားမထောင်ဘဲ ဆွဲတွေးပြီးသွားပြီ။ ဒါက နောက်ဆို ဒီလိုပုံနဲ့ သူနည်းနည်းလေးတောင်ချွဲပြလို့မရတော့ဘူးလို့ ယူဆလိုက်မိစေသည်။
ပြီးတော့ နောက်ဆို သူ့ဘေးကလူတွေကို လိုရာဆွဲတွေးပြီး တစ်ခုခုလုပ်မှာကိုလည်း ရှန်းမှာတွေးပူနေမိ၏။
အခုကိစ္စကိုလည်း မင်းသစ်သိသွားလျှင် မျက်နှာပူစရာ၊ အားနာစရာတွေဖြစ်ကုန်မည်။ ဒီတော့ အဏ္ဏဝါက သွားရန်မစမိဖို့ရှန်းကတော့မျှော်လင့်နေမိ၏။
တကယ်လည်း မင်းသစ်သိမသွားခဲ့။ စံစံကနေတဆင့် မေးမြန်းခိုင်းကြည့်တော့ သူ့ဘက်က ပုံမှန်ပဲဖြစ်ပြီး သူ့အဖေနဲ့ရှန်းကို လုပ်ငန်းအဆင်ပြေလားဟူ၍တောင်မေးမြန်းသေးသည်ဆိုတော့ စိတ်သက်သာရာရသွားခဲ့သည်။ပြီးတော့ ကံကောင်းစွာနဲ့ သူ့ရုံးကဝန်ထမ်းတွေလည်းမသိသွားခဲ့။ သူတို့နှစ်ယောက်စကားအခြေအတင်ပြောတုန်းက ရုံးခန်းအနီးနားမှာ စောင့်ကြည့်ပေးနေသည့် စံစံကလွဲလို့ပေါ့။
ဒီတော့ တစ်နေကုန် မရွှင်မလန်းဖြစ်နေသည့်ရှန်းကို စံစံကတော့ ချောကလက်တွေပြင်ပေးလိုက်၊ အလုပ်တွေကို ရှန်းဆီမပုံရအောင်စီစဉ်ပေးလိုက်၊ စိတ်သက်သာရာရဖို့စကားတစ်ခွန်းနှစ်ခွန်းထည့်ထည့်ပြောလိုက်လုပ်ပေးခဲ့သည်။ဒါပေမယ့် အဏ္ဏဝါရဲ့မျက်နှာကိုမြင်ယောင်နေမိပြီး စိတ်ထဲမအေးသလို၊ အနည်းငယ်လည်း ဝမ်းနည်းနေစေသည်။
ပြီးတော့ ပြန်သွားသူက တစ်နေ့လုံးဖုန်းဆက်မလာတော့ဘူး။ ဒါကလည်း ကောင်းသည်လို့ ရှန်းယူဆလိုက်သလို၊ စိတ်ကိုငြိမ်အောင်လုပ်ဖို့အချိန်ယူပါစေဆိုပြီး သူကလည်း ဖုန်းလှမ်းမဆက်ဖြစ်။

STAI LEGGENDO
"My Only One" ✔️
Storie d'amoreမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...