Ch 36

3.8K 260 5
                                    

   "ကဲ ဆိုစမ်းပါဦး၊ ပြောတော့ နင်ကအချိန်တန်ရင်ထွက်သွားရမဲ့သူမို့ မချစ်မကြိုက်တော့ပါဘူးလေး ဘာလေးနဲ့၊ အခု ဘယ့်နှယ့်ဖြစ်သွားရတာတုန်း မိုလေးရဲ့..။ "

ဆိုဖာပေါ်တွင်ဘေးတစ်စောင်းထိုင်ရင်း ပြောနေသော ယွန်းဟွာကိုကြည့်ကာ ပေါင်ပေါ်တွင်ထိုင်နေသော သားလေးကို သေချာထိုင်စေလိုက်ပြီး

   "အင်း...ငါလဲ မသိတော့ပါဘူးဟာ၊ ကြည့်ရတာ ငါတကယ်ချစ်မိသွားတယ်ထင်ပါရဲ့။..."

   "တွေ့လား ငါပြောပါတယ်...၊ နင်နဲ့ဆန်းဝူက နတ်ဖက်တဲ့အတွဲပါဆိုနေ၊ ဆန်းဝူခမြာလေ နင်ပျောက်သွားတုန်းကဆိုဟယ် အရူးမီးဝိုင်းမတတ်ပဲ လိုက်ရှာနေခဲ့တာသိရဲ့လား...ပြီးတော့ နင့်ကြောင့်နဲ့ ဂျူဟာ့ကိုတောင်မှ...."

စကားကိုတစ်ဝက်တစ်ပျက်နှင့်ရပ်လိုက်သော်လဲ နားလည်ရန်အလို့ငှာလုံလောက်ရှာပါသည်။မိုဂျွန်းသည်

   "ဒါဆို အဲ့သတင်းကအမှန်ပေါ့၊ ငါက ကောလဟာလတွေထင်နေခဲ့တာ..."

   "ဘယ်ကသာဟယ်...၊ ငါက သူ့စျာပနာမှာရှိနေခဲ့တာဟ၊ ဂျီဟျွန်းက Psychoဆိုရင် အဲ့ကောင်ကလက်မရွံ့ပဲ သိလား..."

   "အင်း..အမှန်တိုင်းပြောရရင် ဒီဇာတ်လမ်းကိုငါရေးခဲ့တုန်းက ဆန်းဝူကိုလဲ ငါအဲ့လို Psychoပုံစံသွင်းဖို့ဆန္ဒရှိခဲ့တယ်..ဘာလို့လဲ ဆိုတော့---"

  *ကျွီ*
 
  "ဟိတ်..နေ့လည်စာစားကြမယ်လေ..."

အခန်းတံခါးပွင့်လာပြီးနောက် ဆန်းဝူနှင့်ဂျီဟျွန်းတို့ကထွက်ပေါ်လာသည်။နေ့လည်စာစားချိန်ရောက်နေပြီဖြစ်၍ အခုထိအောက်ထပ်ဆင်းမလာသောမဟေသီလေးများအား ကိုယ်တိုင်လာခေါ်ခြင်းပင်။

နေ့လည်စာစားရန်အောက်ထပ်သို့ဆင်းလာလိုက်ကာ ထမင်းစားခန်းထဲသို့ဝင်လိုက်သည်ဆိုရင်ဖြင့် ဟင်းရနံ့မွှေးမွှေးလေးများက နှာဝကိုကြည်စယ်သွားလေသည်။

   "မွှေးလိုက်တာ..."

   "အနံ့တင်မွှေးတာမဟုတ်ဘူးနော် အရသာကလဲရှယ်ပဲ၊ ငါတို့နှစ်ယောက်ချက်ထားတာ..."

ဆန်းဝူ၏စကားကို ဂျီဟျွန်းကထောက်ခံသလိုခေါင်းငြိမ့်သည်။အိမ်စေများ၏ကူလုပ်ပေးမှုကြောင့် သူတို့နှစ်ဦးမှာ ဘာမှအပင်ပန်းသိပ်ခံစရာမလိုပဲ သူတို့လက်ရာဟင်းလျာအချို့ကိုချက်ပြုတ်ပေးဖြစ်သည်။ဟင်းနံ့မွှေးမွှေးလေးကြောင့် မိုဂျွန်းရင်ခွင်ထဲမှ အဝတ်ထုပ်ကလေးက ခေါင်းလေးထွက်လာကာ

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Donde viven las historias. Descúbrelo ahora