ခလေးထွက်သွားတာ (5)နှစ်ရှိပြီ phမဆက် email တစ်ဆောင်တောင်မပို့နိုင်လောက်အောင် မေ့ထားနိုင်တဲ့သူကိုစိတ်မဆိုးမိပါ ဒီကောင်လေးနဲ့ပက်သတ်ရင်အပြစ်မြင်နိုင်တဲ့စွမ်းအင်တွေအားလုံးမရှိအောင်ပြုစားခံထားရတာ
ဒီနှစ်တွေ အတွင်းမှာ ခလေးငယ်ကိုလွမ်းတဲ့စိတ်နဲ့ ကိုယ်ပန်းချီသင်မိနေတယ် အခန်းထဲမှာပြည့်နှံ့နေတဲ့ ခလေးငယ်ရဲ့ပုံတူပန်းချီတွေကိုမြင်ရင် ဒီကောင်လေးဟားတိုက်ရယ်နေမလား
ကိုယ်ခုနောက်ပိုင်းစီကရက်တွေသောက်မိနေတယ် နို့နံ့ချိုအီအီလေးလောက်စွဲမက်စရာမကောင်းပေမယ့် အဖော်ကင်းမဲ့နေတဲ့ ကိုယ့်အတွက်မှီတည်ရာတခုပဲလေ
နှုတ်ခမ်းကနေတဖွဖွရေရွတ်ပြီး ကိုယ်မလွမ်းချင်ဘူး ခလေးငယ် ကိုယ့်အလွမ်းတွေကြောင့်ခလေးငယ်မွန်းကြပ်မှာမလိုလားဘူး
ပြန်လာမှ လူဆိုးလေးကို ကိုယ်အပြစ်ပေးရမယ် အားလုံးကိုအဆက်သွယ်လုပ်ပြီးမင်းကိုသိပ်လွမ်းနေတဲ့ကိုယ့်ကိုကျပြစ်ထားလို့
* * *
"မေမေ သားကုမ္ပဏီသွားတော့မယ်"
"သားရဲ့ အန်တီကိုလည်း ပန်ကိတ်ဝင်ပေးလိုက်ပါအုံး မေမေနေ့လည်လာခဲ့မယ်လို့ပြောလိုက်နော်"
"ဟုတ်ကဲ့မေမေ""အန်တီရေ..အန်တီ"
"ဘယ်သူလဲမသိဘူး"အသံလာရာကိုကြည့်လိုက်တော့မျက်ဝန်းပြာပြာလေးနဲ့အရပ်ရှည်ရှည်ပိန်ပိန်သွယ်သွယ်ခပ်ချောချောကောင်မလေးကိုယ့်ထက်ငယ်မယ့်ပုံတော့ရှိတယ်ဒါနဲ့သူကခလေးအိမ်ကို ဘာကြောင့်ရောက်နေတာလဲ ကိုယ့်အတွေးတွေဗျာများနေတဲ့အချိန်
"အော်...ထယ်"
အနောက်ကနေကြားလိုက်ရတဲ့အသံလေး ဒါအနှစ်နှစ်အလလကိုယ်လွမ်းနေရတဲ့ အသံရဲ့ပိုင်ရှင် ဝမ်းသာလွန်းလို့မျက်ရည်ဝဲမိတဲ့အထိ
"ဘာဖြစ်လို့လဲ ထယ်"
ကိုယ့်အရှေ့ မှာ အုပ်မိုးလာတဲ့အရိပ်လေး မော့ကြည့်လိုက်ချိန်မှာမြင်လိုက်ရတဲ့ ခပ်ချောချောမျက်နှာ မေးရိုးရိုးထင်းလေးနဲ့ အရပ်ပိုရှည်လာသလို ရင်အုပ်ကျယ်ကျယ်တွေပါပိုင်ဆိုင်တဲ့အမျိုးသားလေးဖြစ်နေပါရောလား ဒါအရင်ကကိုယ်ခလေးလေး ခလေးလေးနဲ့ခေါ်နေတဲ့ကောင်လေးပေါ့လေ ဘာစကားမှပြန်မပြောနိုင်ပဲတွေတွေကြီးရပ်ကြည့်နေမိတော့
YOU ARE READING
Tae's Mine (Completed)
RomanceChocolate Cosmosပန်းရဲ့အဓိပ္ပါယ်က တခြားသူတွေမင်းကိုချစ်တယ်ဆိုတာထက်ကိုယ်ကမင်းကိုပိုချစ်တယ်တဲ့ အဲ့ဒါမောင်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ပဲထယ်~