"သားရယ် မာမီတို့နဲ့တစ်ခါတည်း လိုက်ခဲ့ပါလားကွယ်...ဟိုမှာ မာမီရော ဒယ်ဒီရောရှိတာကို..."
ထုံးစံအတိုင်း မာမီက သူမနှင့် လိုက်နေရန်တဖွဖွခေါ်ပြန်သည်။
TaeHyungကလည်း ခေါင်းမာမာနှင့်ငြင်းမြဲငြင်းဆဲသာ။"သားက ဟန်းဂုကို မခွဲနိုင်ဘူးမာမီရယ်..."
"ဟုတ်မှလည်းလုပ်ပါ...ဟန်းဂုလား?..ဟိုကောင်လေးလား..?"
မာမီက ခပ်ပြုံးပြုံးဖြင့်စတော့သည်။
မာမီ၏ ပြုံးစစ အကြည့်ကြီးကြောင့် Taehyung ကိုယ့်ကိုကိုယ်ပင် မလုံတော့။အဲ့လောက်ကြီးများသိသာသွားသလား?"အာ...မာမီကလည်း..."
TaeHyungက ကလေးလိုမျိုး မာမီ့ရင်ခွင်ထဲခေါင်းတိုးကာချွဲသည်။
မာမီက သူ့ဆံနွယ်တွေကြားလက်ဖြင့်ထိုးဖွရင်းမှ.."မာမီ့ရဲ့ကလေးလေးတောင် အရွယ်ရောက်လာပြီပဲ.....မာမီက သားရဲ့အချစ်ရေးကို ဘာမှဝင်မပြောလိုဘူး...မာမီ့သားလေးစိတ်ချမ်းသာရင်ရပြီ...."
"ကျေးဇူးပါမာမီ...သားကိုနားလည်ပေးလို့.....မာမီ့ကိုအချစ်ဆုံးပဲ...."
အများသူငှာရှေ့၌ တည်ငြိမ်ရင့်ကျက်သည့်ဆရာဝန်တစ်ယောက်ဖြစ်သော်ငြားလည်း မာမီရှေ့ရောက်လျှင်တော့ သူဟာ ကလေးလေးပါပဲ။
"အဟွန်း...မာမီ့ကိုချစ်လို့ မာမီနဲ့အတူမလိုက်နိုင်တာလား ပြောစမ်းပါဦး....."
"အာ....မာမီကလည်း........"
"မာမီကမလည်းနဲ့..သားစိတ်ချမ်းသာဖို့မာမီကလိုက်လျောပေးထားတာနော်...အဲ့ဒီကောင်လေးက မာမီ့အဖိုးတန်လေးကို စိတ်ဆင်းရဲအောင်လုပ်လို့ကတော့ မာမီကချက်ချင်းLAကိုပြန်ခေါ်မှာ..."
မာမီက ပြောရင်ပြောသလို တကယ်လုပ်တတ်တာTaeHyungအသိဆုံး။JeonJungkookနဲ့ကတောက်ကဆ ကိစ္စတွေသာမာမီသိကြည့်ပါလား...မိုးမီးလောင်မယ့်ဖြစ်ချင်းမျိုး။
Partyပွဲက သူတို့ပုံရိပ်ကြောင့် မာမီက အဆင်ပြေနေသည်ဟု မြင်သွားတာဖြစ်မည်။ဘာ့ကြောင့်မှန်းရယ်မသိ။JeonJungKookကို မာမီအမြင်ကြည်စေချင်သည်။
မုန်းဖို့မပြောနဲ့ စိတ်တောင်မနာရက်နိုင်တာကို။
KimTaeHyungက အချစ်မှာ ကောင်းကောင်းကြီးကျဆုံးနေခဲ့တာကို မာမီသိပါလေစ။