ထယ်ယောင်းကုမ္ပဏီမှာလည်းစိတ်မကြည်နေပါ ဒီမနက်မြင်ခဲ့ရတဲ့မြင်ကွင်းကြောင့် ဘယ်သူ့ကိုကြည့်ကြည့်စိတ်ထဲမှာအဆင်မပြေတာနဲ့ အတွင်းရေးမှုးဆော့နဲ့ပဲအလုပ်ကိစ္စတွေမှာခဲ့ပြီးစောပြန်လာခဲ့တော့တယ်ထယ်ယောင်းအိမ်ပြန်ရောက်တော့ ရေချိုးပြီး ဝရံတာကိုထွက်လာတော့ ဟိုဘက်ခြံကနေကြားနေရတဲ့ အသံစူးစူးဝဲဝဲလေး ကိုရီးယားသံဝဲဝဲလေးကတခြားသူအတွက် ချစ်စရာကောင်းနိုင်ပေမယ့် ထယ်ယောင်းအတွက်ခေါင်းကိုက်စရာဖြစ်နေတာ
*ကျစ်! ခေါင်းကိုက်လိုက်တာကွာ*
ထယ်ယောင်းခေါင်းကိုလက်နဲ့ဖိထားပေမယ့် ဘေးအိမ်ကိုအကြည့်မပျက်
နားရွက်အောက်လောက်ပဲရှိတဲ့ ဆံပင်အနီတောက်တောက်လေးကိုမမှီတမှီလေးစည်းထားပြီးအားကစားဝတ်စုံတိုလေးဝတ်ထားတဲ့မိန်းကလေးက ခလေးနဲ့အတူ တန်းနစ်ဆော့နေတာဒါမနေ့က ကောင်မလေးပဲ သူကဘာလို့မပြန်သေးတာလဲ ခလေးနဲ့ဘယ်လိုပက်သတ်နေတာလဲ" ဘေဘီ ငါ့ကိုအရှုံးပေးသင့်တယ်မဟုတ်ဘူးလား"
"အိုဟို! ကိုယ်ကအရှုံးပေးရမယ်ပေါ့ ဘာပြန်ရမှာမို့လဲ"
ရယ်မောပြီးပြောနေတဲ့၂ယောက်ကိုအကြည့်မလွဲနိုင်ပဲ တစိုက်မတ်မတ်ကြည့်နေမိတော့ ကိုယ့်ဆီလှမ်းကြည့်လာတဲ့ ခလေးနဲ့မျက်ဝန်းချင်းစုံမိတယ် စက္ကန့်အနည်းငယ်ကြာသွားတဲ့အထိ"wow! baby ငါ့ကိုအရှုံးပေးလိုက်ပြီပေါ့"
ထိုအသံကြားမှ၂ယောက်သားမျက်လုံးတွေရှောင်ဖယ်မိတော့တယ်
"ဟားးးထားလိုက်တော့"
ဒါဆိုခလေးငယ်က ကိုယ့်ကိုကြည့်ချင်လို့မဟုတ်ပဲ ဟိုမိန်းကလေးကို..
ထယ်ယောင်းစိတ်အလိုမကျပဲ အခန်းထဲပြန်ဝင်ခဲ့တော့တယ်
* * *
"သား ယောင်းလေးရေ အောက်မှာကုကီးရောက်နေတယ်""ဗျာ...ဟုတ်မေမေ သားအခုလာခဲ့မယ်"
ခလေးငယ်ရောက်နေတယ်ဆိုတာနဲ့ ကိုယ့်မှာအမြန်အပြေးလွှားဆင်းတွေ့ဖို့ပြင်ပြီးမှ
"အာ! မဖြစ်သေးပါဘူး"
ကိုယ့်ပုံကိုမှန်ထဲမှာ ပြန်ကြည့်ပြီး ဆံပင်တွေကို သေချာပြန်ဖီးမိတော့တယ်
YOU ARE READING
Tae's Mine (Completed)
RomanceChocolate Cosmosပန်းရဲ့အဓိပ္ပါယ်က တခြားသူတွေမင်းကိုချစ်တယ်ဆိုတာထက်ကိုယ်ကမင်းကိုပိုချစ်တယ်တဲ့ အဲ့ဒါမောင်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ပဲထယ်~