Daily Duty

33 3 2
                                    

ဒီနေ့........
ဘာအလုပ်မှ မရှိတဲ့နေ့
ဒါဆို မနေ့ကရော
အင်း.........
မနေ့ကလဲ ဘာမှ တော့ မလုပ်ဖြစ်ခဲ့ဘူး
ဒါဖြင့် တနေ့ကရော
အနားယူခဲ့တယ်လေ

ဝါလင်းလင်းစပို့ရှပ် ပွပွကြီးနဲ့  ဒူးအုပ်ရုံ ဘောင်းဘီ အနက်စင်းကြား ကို ကိုးယို့ကားယားကြီးဝတ်ပီး
လမ်းထိပ်က မုန့်ဆိုင်ဆီ
"ပုတက်" လျှောက်လာခဲ့တယ်

ဘဝက အေးချမ်းတယ်
ဘယ်လောက်ထိ အေးသလဲဆို
နင်တခုခု လုပ်လိုက်တာနဲ့ ငါနောက်က ရှင်းမပီးလို့
နင်ဘာဆို ဘာမှ မထိ ပါနဲ့ 'ပုတက်' ရယ်ဆိုပီး
မွေးသမိခင်ရဲ့ ချစ်ခြင်းမေတ္တာ အလျင် က
ပေါ့သေးသေးမှ မဟုတ်ဘဲ

မထိနဲ့ ဆို မထိ ဘူးပေါ့
ဟုတ်တယ်လေ
ဘူးညွန့် လေး သင်ပေးပါဆိုလို့
အမြန်ပီးအောင် ဓားလေးနဲ့ သွက်သွက်လေး
လှီးပေးတဲ့ စေတနာမှ မထောက် ဂေါက်ခနဲ နေအောင်
ခေါက်ချ ခံရသေး

နင့် အဖေ  နေမကောင်းလို့
ခနော ဆန်ပြုတ် ထုတ်လေး ဝယ်ပီး ပြုတ်ထားပေးစမ်း ဆိုလို့ ဆိုင်သွားပီး ခနော ဝယ်ခဲ့တာပဲ
ဟိုက ဟင်းခတ်မှုန့် ပေးချ လိုက်တာတော့
ပုတက် ဘယ်သိမတုန်း
ပြုတ်ဆိုလို့လဲ ပြုတ်ထားရသေး
ဗိုက်ကြောလဲ နာရသေး

ဘုရားပန်းအိုးလေး ရေလဲ ထား လိုက်စမ်းပါဆိုလို့
ရေတေ သွန်ပေးထားတဲ့ ဟာကို
ပန်းတေ နွမ်းကုန်လို့ဆိုပီး
နားသလည်က အမွှေးက အချောင် အဆွဲ ခံရသေး

ကြက်သားအိုးလေး နွှေးထားပါဆိုလို့
နွှေးရင်းနဲ့ လက်လွန် ကြက်သွန် ဖြစ်ပီး
အရည်တစက်မှ မကျန်တာလဲ ပုတက် အပြစ်ပဲ

အမလေး
တွေးမိရင် ရင်တေနာ ရလို့
နားတေ ပူရလို့
မထိနဲ့ ဆိုတဲ့ နေ့တည်းက
လမ်းထဲ က ကလေးတသိုက်နဲ့
ပြိုက်ပြိုက်ကျအောင် ကမြင်းပစ်လိုက်တာ
ပုတက် ရေ ဆိုပီး အော်အခေါ်လဲ မခံရတော့ဘူး

အောင်စာရင်းတွေ မထွက်မချင်း
ရာသီဥတု တွေရော
ဂြိုဟ်စီးဂြိုဟ်နင်းတွေရော
အကုန်ကိုယ့်ဘက်မှာ ရှိတယ်

"ဘယ်မုန့်ပေးရမှာလဲ ပုတက်"
ပဲနို့ ဘူးကြီး ကိုင်ပီး မုန့် ထုတ်ရွေး မပီးသေးတဲ့ပုတက်ကို ဆိုင်ရှင် အစ်မက မျက်စိ နောက်လာ ပုံရတယ်

ကျနော့ရဲ့ ပိုင်ဆိုင်ခြင်းလေးWhere stories live. Discover now