Part 1 (Unicode)

94 3 0
                                    

🎶ပရေသံဟိတံ....ပရဟိတံ🎶

🎶ပရေသံဟိတံ....ပရဟိတံ🎶

🎶ပရေသံဟိတံ....ပရဟိတံ🎶

🎶ပရေသံဟိတံ....ပရဟိတံ🎶

🎶ပရေသံဟိတံ....ပရဟိတံ....သူတစ်ပါးတို့ရဲ့အကျိုးကို ဆောင်ရွက်ကြခြင်းသည်.. ပရဟိတလုပ်ငန်းဟုခေါ်သည်🎶

🎶ဘာသာရေး၊လူမှုရေးများမကျန်....အများကောင်းကျိုး သယ်ပိုးကာ ဆောင်ရွက်ကြသည်အမှန်..ပရဟိတလုပ်ငန်းဟုခေါ်သည်🎶

🎶မြင့်မြတ်သူတို့စိတ်ထဲမှာ ကိန်းအောင်းသန္ဓေတည် ပရဟိတစိတ်ကလေးတွေ မွေးလို့နေပါသည်🎶

🎶မြင့်မြတ်သူတို့လူတိုင်းမှာ ကိန်းအောင်းသန္ဓေတည် ပရဟိတစိတ်ကလေးတွေ မွေးဖို့လိုပါသည်🎶

🎶ဖြူစင်မေတ္တာသဒ္ဒါတရားက သန္ဓေတည် လူသားအားလုံး ရှင်းသန့်တည်ကြည် အစဉ်မြဲလှသည် လုပ်အားကုသိုလ် ပြုကြသည် ဒါနကုသိုလ်ပြုကြသည် သီလကုသိုလ်မြဲနေသည်🎶

🎶မြင့်မြတ်သူတို့နှလုံးသားမှာ မှတ်ကျောက်တင်ထားသည် ပရဟိတလုပ်ငန်းများစွာ ဝိုင်း၀န်းလို့ ဆောင်ရွက်နေပါသည်🎶ဆိုပြီး 'မနော'ရဲ့ 'မြင့်မြတ်သူတို့နှလုံးသား' သီချင်းသံစဉ်ဟာ ကိုးကန်စုရွာရဲ့ ရွာဦးဘုန်းကြီးကျောင်း အသံချဲ့စက်မှ ကိုးကန်စုရွာတစ်ရွာလုံးကို ပျံ့လွှင့်နေလျှက်ရှိသည်။ကိုးကန်စုရွာရဲ့ ရွာဦးဘုန်းကြီးကျောင်း 'မင်းကျောင်း'ကျောင်းတိုက်ထဲတွင် ကလေးငယ်လေးများဟာ အပေါ်က အဖြူအင်္ကျီ အောက်ကယောပုဆိုးအညိုရောင် ဆင်တူ၀တ်စုံလေးများဖြင့် ဘုန်းကျောင်းထဲတွင် ဟောဒဟိုသွားလာနေကြသည်မှာ မျက်စိပသာရ ဖြစ်လွန်းလှတယ်။ဒီနေ့စနေ့နေဟာ ကိုးကန်စုရွာရဲ့ အပတ်စဉ်ဖွင့်လှစ်သင်ကြားပေးနေတဲ့ ယဉ်ကျေးလိမ္မာ 'မျိုးသာဂီ'ဓမ္မစကူးလ် အပတ်စဉ်သင်တန်း ဖွင့်တဲ့နေ့ဖြစ်လို့ ကလေးသူငယ်များဟာ သင်တန်းတတ်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး သင်တန်းချိန်ဟာ မနက်ခြောက်နာရီခွဲ အချိန်မှာ စတင်မှာဖြစ်တယ်။

ကိုးကန်စုရွာမှာရှိတဲ့ ဓမ္မစကူးလ်သင်တန်းတတ်ရောက်မဲ့ ကလေးသူငယ်များဟာ ခြောက်ခွဲတွင် ဘုန်းကျောင်းထဲတွင် အားလုံးရောက်ရှိနေကြပြီး ဘုန်းကျောင်းဓမ္မာရုံထဲသို့ အစီအရီဦးတည် သွားနေကြတယ်။ဘာကြောင့်ဆို အတန်းလိုက်ဓမ္မစကူးလ်နှင့်သက်ဆိုင်သော သင်ခန်းစာများမသင်မီ ဓမ္မာရုံထဲတွင် 'မင်းကျောင်း'ကျောင်းထိုင် ကိုယ်တော်နဲ့အတူ ဓမ္မစကူးလ်တတ်မဲ့ ကလေးသူငယ်များနဲ့ ကလေးသူငယ်များကို သင်ကြားပေးမဲ့ ဆရာ၊ဆရာမများက ဩကာသ ကန်တော့ချိုး၊ငါးပါးသီလခံယူဆောက်တည်ပြီး ပျမ်းမျှငါးမိနစ်ခံ တရားထိုင် ကျောင်းထိုင်ဆရာတော်ရဲ့ အနည်းငယ် ဩဝါဒခံယူပြီး မနက်(7)နာရီထိုးမှ ဓမ္မစကူးလ်သင်ခန်းစာများသင်ကြားရန် အတန်းလိုက်ကိုယ်သင်ကြားရမဲ့ နေရာသို့ သွားရောက်ရတာဖြစ်တယ်။ဓမ္မစကူးလ်သင်တန်းမှာဆိုလည်း အစိုးရကျောင်းများလို အစိုးရကျောင်းမှာပထမတန်းဆို ဓမ္မစကူးလ်မှာလည်း ပထမတန်း၊ဒုတိယတန်းဆို ဒုတိယတန်းခွဲထားပြီး ဓမ္မစကူးလ်သင်ရိုးတွေဟာလည်း အစိုးရကျောင်းများလို အတန်းလိုက် သင်ရိုးညွှန်းတမ်းစာအုပ်များကို ရေးဆွဲထားပြီး ပုံနှိပ်ရိုက်ထားတာဖြစ်သည်။

အညာသားယောက်ျား  ရန်ကုန်သား(Ongoing)Where stories live. Discover now