125[U&Z]

2.4K 293 6
                                    

[Unicode]

လီဟောက်ကျယ်က အလိုလျောက် ရယ်လိုက်ပြီး နင်မုန့်ရဲ့ လက်ထဲက ဖုန်းကို ဆွဲယူဖို့ ကြိုးစားလိုက်သည်။

နင်မုန့်ကတော့ ခြေလှမ်းအနောက်ဆုတ်ကာ လီဟောက်ကျယ်ရဲ့ ဆွဲယူမှုကို ရှောင်ရှားလိုက်သည်။ နောက်ထပ် မလှုပ်ရှားနိုင်ခင်မှာပဲ ကျန်းရှန့်မေက နင်မုန့်ဘေးကို အလောတကြီး ပြေးသွားလိုက်ပြီး မေးလိုက်သည်။ "ဘာ ဗီဒီယိုလဲ?"

ဘာဗီဒီယိုဆိုတာ စုထျန်းထျန်းလည်း သဘောပေါက်လေ၏။ သူမက အသံမြှင့်ကာ နင်မုန့်ကို သတိပေးလိုက်သည်။ "နင်မုန့်! နင့်မှာ သူများတွေကို အခုလို ဗီဒီယိုရိုက်ခွင့် မရှိဘူး! နင်က ကာယကံရှင် ဆန္ဒမရှိဘဲ ပုံမယူရတဲ့ အခွင့်အရေးကို ချိုးဖောက်တာပဲ! ဒါက ဥ‌ပဒေနဲ့ ဆန့်ကျင်တဲ့ အရာပဲ!"

နင်မုန့်က သူမကို လှောင်ရယ်လိုက်သည်။ "အိုး သိပါပြီ~ ဒါဆိုလည်း ငါ့ကို တရားစွဲလိုက်လေ"

ပြီးတဲ့အခါမှာတော့ ကျန်းရှန့်မေ အရှေ့မှာ ဗီဒီယို ဖွင့်ပြလိုက်၏။

"......တကယ်လို့ မင်းအတွက်သာ မဟုတ်ရင် ပြိုင်ပွဲမှာ ပြိုင်ဖို့တောင် တွေးမိမှာ မဟုတ်ဘူး......ငါ သူမကို ထပ်ပြီး သီးမခံနိုင်တော့ဘူး! သူမက အမြဲတမ်း ရုပ်ဆိုးဆိုး မိတ်ကပ်တွေ လိမ်းပြီး ငါသွားတဲ့ နေရာမှန်သမျှ လိုက်တွယ်ကပ်နေတာ။ သူမ အနားမှာဆို လေကောင်းလေသန့်လေး ရအောင်တောင် မရှူနိုင်ဘူး ငါ သူမအနားမှာ မနေချင်တော့ဘူး!....ထျန်းထျန်း ဒါက သူများတွေ လျှောက်ပြောတဲ့စကား သက်သက်ပဲ အမှန်မဟုတ်ဘူး။ မင်း သဘောပေါက်ရဲ့လား? ငါ ချစ်တဲ့ မိန်းကလေးက....မင်းပဲ!"

ဗီဒီယိုထဲမှ စကားလုံး တစ်လုံးချင်းစီတိုင်းက ကျန်းရှန့်မေရဲ့ နှလုံးသားကို ချွန်ထက်နေတဲ့ ဓားနဲ့ ဆက်တိုက်ရက်စက်စွာ ထိုးသကဲ့သို့ ဖြစ်နေလေ၏။ လီဟောက်ကျယ်ကို မယုံကြည်နိုင်စွာသာ သူမ ကြည့်လိုက်သည်။

ရုပ်ဆိုးဆိုး မိတ်ကပ်...? ဒါပေမယ့် ဂီတလောကထဲက လူတိုင်း gothic-styleမိတ်ကပ် ပြင်ရတာကို ကြိုက်ကြတယ်လို့ ပြောခဲ့တဲ့လူက သူပဲ ဖြစ်သည်။ ဒါကြောင့်ပဲ သူမက အများကြားမှာ အဟားခံရတဲ့လူ ဖြစ်လာခဲ့သည်။ အပျိုတစ်ယောက်လို မနေတတ်တဲ့ သိက္ခာမရှိတဲ့ လူတစ်ယောက်နှယ် ကျန်းရှန့်မေကို ပြောခဲ့ကြသေး၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now