အပိုင်း ၁၀၆၄ : ငရဲကမ္ဘာ ပင်လယ်ကမ္ဘာ၏ ကမ္ဘာငယ်များ

273 28 0
                                    

စာစဥ် ၅၅ : အပိုင်း ၁၄

အပိုင်း ၁၀၆၄ : ငရဲကမ္ဘာ ပင်လယ်ကမ္ဘာ၏ ကမ္ဘာငယ်များ

မှောင်မည်းသော ကောင်းကင်နှင့် မြေကြီးတို့ အတွင်းတွင် ငရဲကိုးလွှာ လေပြင်းသည် ဟင်းလင်းပြင်မှ နေ၍ အနက်ရောင် အလင်းတန်း အလွှာများကဲ့သို့ ပျံ့လွင့်နေကြသည်။ သူသည် ဟင်းလင်းပြင် အတွင်းတွင် လှုပ်ရှားနေသော အခါ သူနှင့် ထိတွေ့သည် အရာအားလုံးကို အေးခဲသွားစေသည်။

မြေကြီးအပေါ်တွင် တောက်ပသော အနီရောင် အလင်းတန်းများနှင့် သွေးပုပ်များက နေရာအနှံ့တွင် ရှိနေကြကာ သွေးပင်လယ် တစ်ခုအဖြစ် ဖန်ဆင်းထားကြသည်။ ဤသွေးပင်လယ်၏ မျက်နှာပြင် အပေါ်၌ ဧရာမ သွေးပူဖောင်းများ ပေါ်လာကာ သူတို့ မပေါက်ကွဲသွားကြခင် မွန်းကျပ်၍ ညှီစော်နံသော အနံ့များကို ထုတ်လွှတ်နေကြ၏။

ဤသွေးပင်လယ် အတွင်း၌ အရာအားလုံးတို့သည် ဘာမှ မရှိခြင်း အဖြစ်သို့ ပြောင်းသွားကြသည်။ အဝါဖျော့ရောင် မြစ်တစ်စင်းကသာ တိတ်ဆိတ်စွာဖြင့် စီးဆင်းနေခဲ့သည်။ သူသည် ထူးခြား၍ ခန့်မှန်းရန် ခက်ခဲကာ ကြောက်မက်ဖွယ်ရာ ခံစားချက် တစ်မျိုးအား ပေးစွမ်းနိုင်သည်။ သူသည် အရာအားလုံးတို့အား သန့်စင်ရန် တတ်နိုင်ကာ အသက်စွမ်းအင်များကို ပျောက်ဆုံးစေသည်။

မရေမတွက်နိုင်သော ချောက်နက်များက မြေကြီးအပေါ်တွင် အက်ကွဲနေကြသည်။ သွေးပင်လယ်နှင့် အဝါဖျော့ရောင် မြစ်တို့သည် ထိုချောက်နက်များထံသို့ ရောက်သွားကြသော အခါ ရေတံခွန်ကဲ့သို့ ကျဆင်းသွားကြသည်။

သို့သော်လည်း ထိုရေတံခွန်များက အောက်ခြေသို့ မရောက်မီ လျှိုမြောင်အောက်ဘက်မှ ခရမ်းပြာရောင် မီးတောက်များက ကောင်းကင်ယံသို့ ထိုးတက်လာသည်။ ထိုမီးတောက်များသည် ညစ်ညမ်းသော သွေးများနှင့် အဝါရောင် မြစ်ရေတို့နှင့် ထိတွေ့မိသော အခါ လေဟာနယ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။

ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်အောက်တွင် ကောင်းကင်ကမ္ဘာဖျက် မီးတောက်ကလည်း ခက်ထန်စွာနှင့် လောင်ကျွမ်းနေသည်။ သူသည် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်ကဲ့သို့ မပြင်းထန်သော်လည်း သူ့ကိုယ်သူ အားဖြည့်နိုင်ရန် အရာဝတ္ထုများကို ဝါးမျိုနေသည်။ သူသည် လောဘနှင့် နတ်ဆိုး အော်ရာများကို ဖော်ပြနေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeDonde viven las historias. Descúbrelo ahora