Unicode;
Seokjin တစ်ယောက် Hoodie ခရမ်းရောင်ဝမ်းဆက်လေးနှင့် အပြာနုရောင်ဘေးလွယ်အိတ် လေးလွယ်ကာ အိမ်မှထွက်ခွာလာခဲ့သည်။
သူ့ကလေးလေးကCompanyမသွားခင် သူ့ကိုသေချာမှာသွားခဲ့သည်မှာ အိမ်ထဲကနေအိမ်အပြင်သို့ခြေတစ်လှမ်းမှမထွက်ဖို့ရန် အတန်တန်
မှာကြားသွားခဲ့ခြင်းဖြစ်သည်...သူကတော့ တစ်လှမ်းမကတဲ့ခြေလှမ်းတွေနှင့်အတူ အခုဆို Taxi
ပေါ်တောင်ရောက်နေလေပြီ~"ဦးလေးကြီးကျွန်တော့်ကို ဒီအနီးအနားမှာရှိတဲ့ Cake ဆိုင်လေးလိုက်ပို့ပေးပါ..."
ကားဆရာဦးလေးကြီးကသူ့ကို အသိအမှတ်ပြုသဖွယ်ခေါင်းငြိမ့်ပြပြီး နှစ်လိုဖွယ်ပြုံးပြကာကားကိုကျွမ်းကျင်စွာမောင်းနှင်လာသည်...
With You ဆိုတဲ့ဆိုင်းဘုတ်ရှိရာ ဆိုင်ရှေ့အရောက် ကားဆရာဦးလေးကြီးက ကားကိုရပ်ပေးလိုက်သည့်နှင့် သူလည်းဦးလေးကြီးကို ကျေးဇူးတင်ကြောင်းပြောကာ ကားခရှင်း၍ထိုဆိုင်လေးထဲသို့ဝင်လာလိုက်သည်...
ဆိုင်အဝင်အဝတွင် ကိတ်ဒီဇိုင်းမျိုးစုံစီခြယ်ထားသည့်အလှစင်ပစ္စည်းလေးတွေသည်လည်း သူ၏မျက်လုံးအိမ်ထဲတွင် တင့်တယ်မှုရှိလှသည်...
ဆိုင်တံခါးကိုဆွဲဖွင့်လိုက်သည်နှင့် ဂီတသံချိုချိုလေးကိုပါ တစ်ပါတည်းကြားလိုက်ရပြီး Counter မှာထိုင်နေသည့်ကောင်လေး ဆီမှနှုတ်ဆက်သံထွက်လာခဲ့ပြီး~