လက်ကနာရီကိုတစ်ချက်ကြည့်တော့ ရုံးဆင်းချိန်ရောက်ဖို့နာရီဝက်လိုသေးသည်။
ဆံပင်ကိုသေသပ်အောင် လက်ဖြင့်ပုံသွင်းလိုက်ပြီး အသင့်ဆောင်ထားသည့် ရေမွှေးပုလင်းကို အနည်းငယ်မျှ စွတ်ဖျန်းလိုက်သည်။
အချိန်ကိုက်ပင် မန်နေဂျာဟန်က ရုံးခန်းထဲကိုလက်မှတ်ထိုးရမည့်စာရင်းတွေလာပို့တာနဲ့တိုးသည်။
"အဟမ်း!....မန်နေဂျာဟန်!...ဘယ်လိုလဲ ကျွန်တော်ကြည့်ကောင်းရဲ့လား......"
ချောင်းတစ်ချက်ဟန့်ကာ မေးလာသော CEOကြောင့် မန်နေဂျာဟန်မှာ ယောင်နန။
ခါတိုင်းဆို တလောကလုံး သူ့လုပ်စာထိုင်စားနေသည့်ရုပ်ဖြင့်အကြောတင်းတင်းCEOက မလိုအပ်ဘဲစကားသိပ်မပြောတတ်။
"အာ....ကြည့်ကောင်းတာထက်အများကြီးပိုတာပေါ့ဗျာ..."
CEOရဲ့အလိုကျဖြေပေးလိုက်တော့ ပြုံးယောင်သမ်းသွားတာကို မြင်လိုက်ရသည်။
တကယ်လည်းသူတို့CEOက အများကြီးကြည့်ကောင်းတာကိုး။
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းကြီးတစ်ခုလုံးကိုဦးစီးနိုင်သည့်အပြင် တခြားနယ်ပယ်ပေါင်းစုံတွင်လည်း ပါရမီမခေသူဖြစ်တာကြောင့် ပျိုမဒီတို့အသည်းစွဲဖြစ်ပြီး idolများထက်ပင်နာမည်ကြီးသေးသည်။
အကြောတင်းသည့်CEOက လုပ်ငန်းခွင်တွင်ရှားရှားပါးပါးပြုံးခဲသည်။အသက်ငယ်ပေမယ့် ဒေါသကတော့မငယ်။အဲ့ဒါကြောင့်လည်းcompanyတစ်ခုလုံးက ဖိန့်ဖိန့်
တုန်အောင်ကြောက်ကြတာ။လက်မှတ်ထိုးစရာများကိုလက်စသတ်ပြီးတော့ ဆယ့်ငါးမိနစ်မျှအချိန်ကုန်သွားသည်။KimTaeHyungကိုသွားကြိုဖို့ရာ နောက်ကျနေမည်စိုးတာကြောင့် ဝန်ထမ်းအားလုံးကို ရုံးစောစောဆင်းဖို့မှာကြားခဲ့ပြီး ခပ်သွက်သွက်ပင်ထွက်လာရသည်။
.
.
.
.
.
.
.ကားparking၌ ရပ်ရပ်ချင်း စိတ်တို့ကနောက်ကျိသွားရသည်။ အကြောင်းမှာ မိမိထက်စောကာရောက်နေသော UE CEOကြောင့်ပင်။
ထိုလူက ဘာလာလုပ်တာလဲ..?
အကြံတူရင်ရန်သူဆိုသလို ထိုလူကလည်း သူ့ကိုမြင်သည်နှင့် မကြည်ကြည့် ကြည့်လာသည်။