1

9 1 0
                                    

ဒီရပ်ကွက်က လူချမ်းသာ ရပ်ကွက်လေ
ကျွန်တော်ကတော့ ဒီရပ်ကွက်ကို ခုမှပြောင်းလာတဲ့သူပေါ့
ကျွန်တော်ဒီရက်ကွက်မှာမနေချင်ပါဘူး 😑
လူစိမ်းတွေနဲ့ ခုမှစပြီး ရင်းနှီးရတာမျိုးမကြိုက်ဘူး
ပြီးတော့ အရင်နေတဲ့နေရာမှာ
ကျွန်တော့ အချစ်ဆုံး သူငယ်ချင်း ဂျီဝန်းကကျန်ခဲ့တယ်လေ
😭😭
...........
ဒီနေ့ ကျွန်တော်တို့အိမ်နားကို လူတွေပြောင်းလာတယ်
မေမေကတော့ ​ေမမေ့သူငယ်ချင်းလို့ပြောတယ်
မေမေကပျော်နေပုံပဲ ပြုံးရွှင်လို့
မနက်ကတည်းက ဈေးတွေဝယ် အလှတွေပြင်နဲ့🙄

ကျွန်တော် ကောင်လေးတယောက်ကိုတွေ့လိုက်တယ်
ဆူဆူပုတ်ပုတ်နဲ့ကောင်လေး ကျွန်တော်နဲ့ရွယ်တူလားမသိဘူး
ရွယ်တူဆိုရင် တကယ်ဝမ်းသာမိမှာ ဘာလို့ဆို
ဖေဖေနဲ့မေမေက မအားတော့
ကျွန်တော် အိမ်မှာပဲဆော့ ရတာလေ
ကျွန်တော် တော်တော်လေးပျင်းနေပြီ🙄

.သားရေ ကိုကို့ကိုသွားနှုတ်ဆက်ရအောင် ဆင်းခဲ့တော့

သေပါပြီ ကိုကိုတဲ့ ရွယ်တူဖြစ်ရင်ကောင်းမှာကိုကွာ😣

.လာပြီမေမေ

ဟိုဘက်အိမ်ရောက်တော့ အိမ်ပေါက်ဝ ရောက်ကာရှိသေး

.အီဟီး မေမေ သားဒီမှာမနေချင်ဘူး ဂျီဝန်းလဲမရှိပဲနဲ့
သားအိမ်ပြန်ချင်တယ် မေမေရဲ့ အီဟီးး😭😭

.သားရယ် ဟိုမှာမေမေတို့အိမ်မရှိတော့ဘူးလေ သားရဲ့
ဂျီဝန်းလေးက အထက်တန်းရောက်ရင် သားဆီလာပြီး
သားနဲ့တူတူနေပေးမယ် လို့ပြောတယ်မလား

.ဟာ မေမေကလဲ အထက်တန်းရောက်ဖို့
အဝေးကြီးလိုသေးတာကို ဂျီဝန်းကိုခုခေါ်ပေး😭😭

.ဟာ သားနော် မဆိုးရဘူး ဘာလို့ငိုနေတာလဲ
သားလူဆိုးလား ပြော

.မဟုတ်ဘူး သားက လူဆိုးမဟုတ်ဘူး 😭😭အီဟီး😭😭

အဲ့တော့မှ အိမ်ပေါ်က ဆင်းလာတဲ့ ကလေးပိစိလေးက

.ဟာဂျာကိုကိုကလဲ ခေးလဲဟုတ်ပဲ ငိုနေတာ
သားတောင် ငိုဝူး

.နင်ပဲ ခလေးလား ငါလဲခလေးပဲရှိသေးတာကို😭

.ဟာဂျာ ဖီဖိီရာ ကိုကိုက နားညီးတာ

.🤣🤣ငိုပါစေသားငယ်ရာ သားကိုကိုက
သူ့ကောင်လေးကိုလွမ်းနေတာ

NAMEWhere stories live. Discover now