If for him........🖇️❣( 17 )
မောင့်အတွက် ဆိုလျှင်......
စိတ်ကူးယဉ်ဆန်စွာ ရေးထားတဲ့ Fic တစ်ပုဒ်ပါ
Fic လို့ပဲ မြင်ပြီး ဖတ်ပေးပါနော် 🙆🖇️
^ ဟော ' ငယ် ရောက်လာပြီပဲ တကယ်ရောက်လာခဲ့တာပဲ ^
Waiter ကောင်လေးက မသိမသာ ပြုံးပြပြီး ငယ့်ကို ခေါ်လာသည်။
အနားရောက်တော့
ငယ့်ရဲ့ စိုးရိမ်မှု့တွေနဲ့ စကားသံတွေကြောင့် စိတ်က ပျော်ရွှင်မိနေသလို.....။
ငယ် မင်းအရမ်းစိုးမိုးလွန်းတာပဲကွာ..။လူမှန်းမသိ သူမှန်းမသိ မူးအောင်
သောက်ပေမယ့် စိတ်ထဲ နှလုံးသားထဲကနေ မှတ်မိနေတဲ့ ငယ်နဲ့ ပက်သတ်သမျှ အရာတွေ အားလုံးကို အခုထိ အလွတ်မှတ်မိနေတော့
မင်းနဲ့ ပက်သတ်သမျှ အရာတွေ တစ်ခုမှ မှားယွင်းလို့မရ...။မူးနေပေမယ့် ကိုယ့်နှုတ်ခမ်းပေါ်မှာ ရောက်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ နှုတ်ခမ်းက အရင်က စုပ်ယူနမ်းရှိုက်ဖူးသလိုမျိုး ချိုမြိန်ခြင်း
အလျင်းမရှိ...။
မက်မက်မောမော လိုချင်မှု့ ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ လုံးဝ ခြားနားစွာ.။
ဒါ ချစ်ရတဲ့ ငယ်မှ ဟုတ်ရဲ့လား..?
သံသယစိတ်ဝင်လာပေမယ့် စိတ်က
မသေချာ...
ပိုသေချာသွားတာက နှာခေါင်းထဲကို ဝင်ရောက်လာတဲ့ ခပ်စူးစူး ရေမွှေးနံ့ အနံ့..။
ငယ်က ရေမွှေးမှ မသုံးတာ ငယ့် အနံ့က
စတော်ဘယ်ရီ ရေချိုးဆပ်ပြာလေးနဲ့ ကိုယ်သင်းရနံ့လေး ရိုးရှင်းစွာ...။ငယ်ဆိုတဲ့သူက ဘယ်တော့မှ အနံ့ ရိုင်းရိုင်း အနံ့ စူးစူးတွေကို မကြိုက်...။
ဒါဆို ဒါက ဘယ်သူလဲ...?____?
အားလုံး ဖြစ်ပျက်သွားပြီး......ငယ်ရောက်လာတော့ လူက သိပ့်မမူးတော့...
ကားပေါ် ရောက်တော့ ကျွန်တော် ခေါင်းထဲ ရီဝေဝေလေးသာ ဖြစ်နေသည်။
မျက်လုံးကို အသာမှိတ်ထားမိသည်..။
ကားစထွက်တော့ လေတစ်ချက်အဝေ့
ငယ့်ဆီက ရတဲ့ အနံ့လေး...။
ခေါင်းထဲမှာ နောက်နေတာတွေတောင် ပြေသွားသလိုပင်...။
စတော်ဘယ်ရီအနံ့လေးနဲ့ ငယ့် ကိုယ်သင်းရနံ့လေး..။အရင်က မရခဲ့ဖူးတဲ့ အနံ့လေး သံပရာအနံ့လေးပါ ရသည်..။
ဘေးနားက လူကို တကယ် စိတ်ကြည်စေတဲ့ အနံ့လေးတွေပဲ...။
YOU ARE READING
If for him(မောင့်အတွက်ဆိုလျှင်...🖇❣(Complete🖇)
Fanfictionမောင့် ဘဝလေး ဂုဏ်မြင့်ပြီး တင့်တယ်နိုင်ပါစေ "မောင်" ငါ မင်းကို အရမ်းမုန်းတယ် "ငယ်" Taekook fic ♡ Own Creation 🦋🌸 By_ Ah-ji amo95~^ 8.11.2021 *( Start ) 17.7.2022~( End )🌻🖤💌