" မဓါးမြှောင် တို့ပါလားဟေ့"" ဟယ်..... ဦးဝင်းမြိုင် မလား"
" ကဲ...မေ့သွားပြီ ထင်နေတာ ခင်ဗျာ။
မဓါးမြှောင် အတော် မှတ်ဉာဏ်ကောင်းတာပဲ"မဓမ္မ ဟူသော နာမည်ကို ခေါ်ရုံ အားမရဘဲ
"ဆရာလေးက ထက်လွန်းတယ်" ဆိုကာ
" မဓါးမြှောင်" ဟု ခေါ်တတ်သူက ကျွန်းကြီးရွာသား ဦးဝင်းမြိုင် ကလွဲလို့ မည်သူရှိဦးမည်နည်း။" တခြားဟာတွေသာ မေ့ချင်မေ့မှာ ။ တိမ်းဖာနဲ့ပတ်သက်ရင်တော့ မေခန့်နိုင်တို့က နှစ်ခါ စဉ်းစားစရာ မလိုဘူး ရှင့်''
မာမား အသံကြားမှပင် လှည့်ပတ်ရှာမိရသည်။စားဖိုဆောင် အဝင်ဝ စားပွဲဝိုင်းတွင် ထိုင်နေသော မာမား က မေခန့်ကို ကြည့်ကာ ဦးဝင်းမြိုင်ကို လှမ်းပြောနေခြင်းပင်။
အဟဲ ကနဲ သွားဖြဲ ပြကာ ဦးဝင်းမြိုင်ဖက် လှည့်ရပြန်သည်။
" ဦးဝင်းမြိုင်..သမီးတွေရော ဘယ်အရွယ် ရောက်ကုန်ပြီလဲ ။ "
" တုံတုံက ယောက်ျားရပြီး ကလေးနှစ်ယောက်ရပြီ ခင်ဗျာ။ စုပုံ က ရှေ့လ ထဲ ယူမတဲ့။ ဝိုင်းစိန် တစ်ယောက်တော့ ငယ်သေးတယ်လို့ တားထားရတယ်"
" အာ.... တုံတုံ တောင် ကလေးအမေ ဖြစ်သွားပြီလား"
တုံတုံသည် မေခန့်နှင့် သက်တူရွယ်တူ ဖြစ်သည်။ မေခန့် သီလရှင်ဝတ်စဉ်က ဝေယျာဝစ္စကုသိုလ်တွေ အမြဲ လာယူလေ့ရှိသူပင်။
စုပုံ ဆိုသည်က မေခန့် သီလရှင်ဝတ်စဉ်က တကယ့် ကလေး သေးသေးလေး။
အင်းလေ။
၈ နှစ်ကျော် ဆိုတဲ့ အချိန်မှာ မေခန့်အတွက်သာ ဘာမှ မပြောင်းလဲတာ သူတို့အတွက်တော့ အချိုးအကွေ့တွေ များမှာပဲ။
" ဪ...ဒါ မေခန့်ရဲ့ အသိ အစ်မ ပဲ ဦးဝင်းမြိုင်။ ဗန်းမော် တက္ကသိုလ် က မြန်မာ ဆရာမလေ။ ဒေါ်လင်းယုနွယ် တဲ့ "
" ဟုတ်လား..ဆရာမလေး... ။ တိမ်းဖာမှာ ပျော်ပျော် နေသွားနော့်။ မနက်ဖြန် တောင်အောက်ဆင်းမယ်မဟုတ်လား မဓါးမြှောင်။ ကျွန်တော် စက်လှေ လွှတ်ပေးမယ်။ ဘယ်အချိန်လည်း ပြောထား"
VOCÊ ESTÁ LENDO
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....