မနက်ခင်းအိပ်ယာနိုးလာတော့ ကိုယ်ရောက်နေတာ ရင်ခွင်နွေးနွေးလေးထဲမှာ ဒီလိုနိုးထချိန်လေးတိုင်းမှာသာအခုလိုအတူရှိခွင့်ရရင်ဆိုတဲ့ ခံစားချက်ကသိပ်ကိုနှစ်လိုဖွယ်ရာကောင်းတာပါပဲလား
မနက်လင်းလို့ကိုယ်အိပ်ယာထတဲ့အချိန်မြင်လိုက်ရတဲ့ မျက်နှာနုနုလေးကိုတဝကြီးငေးမယ်
မျက်ခုံးတန်းတန်းလေးတွေကို အနမ်းဖွဖွပေးမယ် မျက်တောင်မွှေးရှည်ရှည်လေးတွေကိုရေတွက်ကြည့်မယ်
ဆိုးဆေးမပါတဲ့ နှုတ်ခမ်းသားနုထွေးထွေးကိုခိုးနမ်းမယ်
နားသယ်ဆက်နားလေးကိုကပ်ပြီးချစ်တယ်လို့တိုးတိုးလေးပြောမယ် ဒါဆိုရင်ကိုယ့်တနေ့တာအတွက်တကယ့်ကိုလုံလောက်ပြီ"သိပ်ချစ်တယ် ခလေးလေးရယ်"
မေးရိုးထင်းထင်းလေးတွေပေါ်နေတဲ့ ပါးလေးကိုခပ်ဖွဖွပွတ်ပြီးရေရွတ်လိုက်တော့ အဆိုးလေးကပြုံးပြီးမျက်လုံးလေးဖွင့်ကာစကားဆိုလာတယ်
"သိတာပေါ့"
"အိပ်ချင်ယောင်ဆောင်နေပြန်ပြီ"
"အလှတရားလေးက မောင့်ကိုဘာများလုပ်မလဲလို့စောင့်ကြည်နေတာ"
"ငါက မင်းကိုဘာလုပ်ရမှာလဲလူဆိုးလေးရဲ့ တော်ပြီ ရေသွားချိုးတော့မယ်"
ကိုယ်ရေချိုးမယ်ဆိုပြီး ထဖို့လုပ်တော့ ခါးကနေလှမ်းဆွဲတာခံလိုက်ရတဲ့အတွက် လူကသူ့ရင်ခွင်ထဲပြိုကျသွားပြန်ရော ဒီကောင်လေးသိပ်ကိုအားသန်လာတာ
"ခဏလေးပဲ ဒီလိုလေးနေပေး"
သူ့ရင်ခွင်ထဲရောက်နေတဲ့ကိုယ့်ကိုကျစ်ကျစ်ပါအောင်ဖက်တွယ်ရင်းပြောလာပြန်တော့ လူကမလှုပ်ရှားနိုင်ဖြစ်ရပြန်ရော
"ရေအတူတူချိုးကြမလားထယ်"
"ဟမ်!"
" ရေချိုးမလို့ဆို"
"အေးလေ ဒါပေမယ့်တစ်ယောက်ထဲပဲချိုးမှာလူလည်မကျနဲ့"
"အချိန်ကုန်မှာစိုးလို့စေတနာနဲ့ပြောတာကို "
"ဘာစေတနာလည်းအပိုတွေ"
သူ့ကိုတွန်းဖယ်ပြီး ရေချိုးခန်းဆီအမြန်ပြေးဝင်လာရတယ် ဗြောင်းဆန်နေတဲ့ ရင်ခုန်သံတွေကထိန်းမနိုင်သိမ်းမရ ကိုယ်ရေချိုးပြီးထွက်လာတော့ အဆိုးလေးကပြန်အိပ်ပျော်နေပြီ အဝတ်စားအမြန်လဲပြီး လူဆိုးကောင်လေးကိုနိုးဖို့ ကုတင်ပေါ်ပြန်တက်ပြီး ပါးပြင်လေးကိုခပ်ဖွဖွနမ်းလိုက်တော့
ESTÁS LEYENDO
Tae's Mine (Completed)
RomanceChocolate Cosmosပန်းရဲ့အဓိပ္ပါယ်က တခြားသူတွေမင်းကိုချစ်တယ်ဆိုတာထက်ကိုယ်ကမင်းကိုပိုချစ်တယ်တဲ့ အဲ့ဒါမောင်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ပဲထယ်~