5.ကျွန်တော် လိမ္မာပါ့မယ်

1.5K 159 16
                                    

Unicode ver....

5. ကျွန်တော် လိမ္မာပါ့မယ်

စိတ်ပူမှုများစွာနဲ့ အာရုံခံကြည့္လေတော့
သခင်ငယ္က ဒီကနဲ့ တော်တော်ဝေးဝေးရောက်နေတာကြောင့္ ရှောင်းကျန့်စိုးရိမ်သွားရလေသည်။

ချက်ချင်းကိုပဲ အာရုံခံရာသို့ ပြေးလွှားလိုက်လေသည်။

သူထိုနေရာကို ရောက်သွားတဲ့ အချိန်မှာ သခင်ငယ်က ထီးစုတ်လေးကို ပိုက်ပြီး တုန်တုန်ရီရီလေးနဲ့ တယိမ်းတယိုင် လမ်းလျှောက်နေပြီး သူ့ကို တကျော်ကျော်အော်ခေါ်နေတာကို တွေ့တာကြောင့် သခင်ငယ်ဆီ အပြေးကလေး သွားမိလေတော့ သခင်ငယ်က ဘေးဘီဝဲရာကို လှည့်ကြည့်ရင်းကနေ သူ့ဆီကို လှည့်လာခိုက်မှာတင် ခန္ဓာကိုယ္လေး ယိမ်းယိုင်လို့ မျက်လုံးကလေး မှေးစင်းပြီး လှဲကျသွားသည်ကို တွေ့ရလေသည်။

မြေပြင်ထိခါနီးမှာ ပြေးပွေ့နိုင်ခဲ့လို့ အထိမနာလောက်ဘူး ဆိုပေမဲ့ သခင်ငယ်လေးက သူ့ရင်ခွင်ထဲကနေ ခေါင်းလည်ပြန်ကျသွားတာကြောင့် ရှောင်းစိုးရိမ်တကြီးနဲ့~~~~

"သခင်~~~ မအိပ်ပါသေးနဲ့ သခင်~~~"

မျက်နှာ အုအုနုနုကလေးကို မရဲတရဲနဲ့ ခပ်ဖွဖွလေး ထိကိုင်လို့ သခင်ငယ်ကို လှုပ်နိုးနေတဲ့ ရှောင်းဟာ သူ့ရဲ့ သခင်ငယ်ပဲ့ကြွေသွားမှာကိုး စိုးရိမ်နေသည့်အလား တယုတယနဲ့ ဖြစ်နေလေသည်။

မျက်နှာတစ်ခုလုံးမှာ ထိတ်လန့်နေဟန်ရပေမဲ့ မျက်ဝန်းနှစ်ဖက်စလုံးက အနီ အစိမ်း ဖြစ်နေပေမဲ့ သူ့အသံကတော့ အိပ်နေတဲ့ လူသားလေး လန့်မည်စိုးသည့်အလား ခပ်တိုးတိုးလေးသာ ဖြစ်နေလေသည်။

"တစ်ခုခု ဖြစ်သွားလို့တော့ မရဘူးနော် သခင် တစ်ခုခုဖြစ်ရင် ကျွန်တော်က မိုးနတ်မင်းကို  သွားသတ်ပစ်မှာ သခင်ကြားလား~~~"

တန်ခိုးရှင်ကြီး ဆိုတဲ့ ရှောင်းကျန့်အရှင်ဟာ အရောင်မတူတဲ့ သူ့မျက်ဝန်းတွေထဲကနေ အရည်ကြည်တို့ ကျဆင်းစေလိုက်ပြီ ဖြစ်သည်။

ဟုတ်ပါသည် သူဟာ ငိုနေတာဖြစ်သည်။ တလောကလုံးဆီက သစ္စာဖောက်ခံရလို့
နှလုံးသွေးကျောက်ထဲ ချုပ်ထားခြင်းခံရတာတောင် မျက်ရည်တစ်စက်မကျတဲ့ သူက သူ့ပယောဂကြောင့် ဤလူသားလေး ထိခိုက်ဖျားနာရတာ သူ့ကြောင့် ဆိုပြီး တန်ခိုးရှင်က ရင်နာစွာ ငိုကြွေးနေခြင်း ဖြစ်သည်။

Let me Cherish you, My Lord  (ZSWW) [complete]Donde viven las historias. Descúbrelo ahora