ဘုန်း!!!!
တိတ်ဆိတ် နေသောညီလာခံ ခန်းမ အတွင်း၌ထွက်ပေါ်လာသော....စားပွဲ ခုံအားလက်ဝါးနှင့်ရိုက်လိုက်သည့်အသံ......
"မောင်မင်းတို့....ခုနကစကားကိုသေချာပြန်ပြောကြစမ်း"
."ဂျွန်ဆော့ဂျင်က-"
"ကင်ဆော့ဂျင်...... သူ့နာမည်...ကင်ဆော့ဂျင်......"
"မှန်လှပါ......ကင်ဆော့ဂျင်က....ဒီ တိုင်းပြည်ရဲ့...အရှင်မ,မဖြစ်သင့်ပါဘူး... "
ရှင်းအမတ်၏ပြောစကားကိုကြားရသည့်ထယ်ယောင်းမှာတော့....ဒေါသ အခိုးများဝေနေသောမျက်ဝန်းများနှင့်..
ထိုအမတ်မင်းအားစိုက်ကြည့်နေလေသည်
.....ထိုအရာကိုမသိသောအမတ်မင်းမှာတော့.....အန်တရာယ်ကိုမမြင်မိသည့်အလားပြော့မြဲပြောဆဲ......"ကြင်ယာတော်နေရာကတောင်သူနဲ့မတန်ပါဘူးအရှင်.....မျိုးရိုးမြင့်မိန်းကလေးတွေ အများကြီးပါ အရှင်.....ကျွန်တော်မျိုးရဲ့သမီးလေး....ရှင်းမီ ....နဲ့နှိုင်းယှဥ်ကြည့်မည်ဆိုလျှင်.....ရေနဲ့ဆီလိုပါပဲ အရှင်..."
"ဟားး....အဟက်...ဟားးးး"
ထိုအမတ်၏စကားကိုကြားကြားချင်းထယ်ယောင်းတစ်ယောက်အားရစွာအော်ရယ်ပြစ်လိုက်တော့သည်......နန်းတွင်းအမတ်တွေ ရဲ့ အရှက်မရှိလိုက်ပုံများ....တော်တော်အာဏာ မက်တဲ့အဘိုးကြီးတွေ.....သူတို့သမီးတောင်သူတို့ထိုးကျွေးနေကြလေရော.....
ထိုကောင်မလေးမှာလည်းသူနဲ့တစ်ည...ငြိစွန်းဖူးရုံတင်......ဒါကလည်းအဲ့အဘိုးတော်အကောက်ကြံလို့.....အရင်အရှင်ရဲ့လက်ထပ်တုန်းကလိုတော့ထိန်းချုပ်လို့မရစေရဘူး....ကင်ထယ်ယောင်းကိုဘယ်သူမှထိန်းချုပ်လို့မရစေရဘူး
"အွန်းးးးးးးးဟုတ်တာပေါ့....ဘယ်နှိုင်းယှဥ်လို့ရပါ့မလဲ....ကင်ဆော့ဂျင်ဆိုတာ....သျှီလာအရှင်ရဲ့....အသည်းနှလုံးလေး.....
ခင်များရဲ့သမီးကတော့....ဆောင်ကြာမြိုင် က... အပျော်မယ်တွေလောက်တောင်အဆင့်ရှိပါ့မလား......ယောက်ျားလေးတစ်ယောက်ရှိတဲ့အခန်းထဲကိုတောင်ဝင်လာရဲတဲ့မိန်းကလေးဆိုတော့လေ...."
ထိုစကားအား ကြားလိုက်ရသောရှင်းအမတ်မှာမျက်နှာများနီရဲေန၍....ဒေါသများအားအံကြိတ်နေရပုံ...
YOU ARE READING
THE KING (Completed)
FanfictionTaejinkook #crd pic ချစ်ခဲ့ ရပါတယ် ကောင်ငယ်လေးရယ် ။ အရာအားလုံးကိုယ့်အမှားပါကွယ် ။