Jimin တစ်ယောက် မနက်အစောကြီးထပြီး ရှိုးစမိုးများ ထုတ်နေလေသည်..။
အကြောင်းမှာ ချစ်ရသူဘေဘီသိုးပေါက်ကင်မ်ဆော့ဂျင်လေးရဲ့မိဘတွေနှင့် သွားရောက်တွေ့ဆုံမှာမို့ပင်..။
သူနဲ့ဆော့ဂျင်ဟာ သုံးနှစ်ကွာသည်..သူကအကြီးပေါ့...။
ဂျီမင်ဟာ အရင်က play boy တစ်ယောက်ပင်..ထားလိုက်တဲ့ဘရည်းစားဆိုတာလေ မှိုပင်တောင် သူ့ကိုစီနီယာခေါ်ရလောက်တယ်..။
ရည်းစားတွေဆိုလည်း တစ်ရက်တစ်ယောက် တစ်ရက်တစ်ယောက်ပဲ..အလွန်ဆုံးတွဲ..အင်းးးတစ်ပတ်ကျော်ကျော်ပေါ့..။နောက်ပိုင်း ဆော့ဂျင်ကိုတွေ့ပြီး ခြေငြိမ်သွားလေရဲ့..ရည်းစားတွေလည်း အရင်လို မရှုပ်တော့ချေ..သူတစ်ကယ်ချစ်ရသူကို ရှာတွေ့သွားသည်ပင်..ဆော့ဂျင်ကို သူ့တစ်ဘဝလုံးစာအတွက်ရည်ရွယ်ခဲ့သည်...ဖွင့်ပြောတော့လည်း ရိုမန်တစ်ဆန်ဆန် ကမ်းခြေမှာ ဖွင့်ပြောခဲ့သည်..။
"Wowwww jimin!မင်းအရမ်းမိုက်တယ်ကွာ~~baby တော့သဝန်တိုတော့မှာပဲ~"
ဟုတ်ပါသည် ဆော့ဂျင်က ဂျီမင့်ကို လန်ထွက်ခြံခတ်နေအောင် ဝတ်တိုင်း သဝန်တိုကြောင်း သိပ်ပြတတ်သည်...ကောင်မလေးတွေသာ မက ကောင်လေးတွေကလည်း ဂျီမင့်ကို ငမ်းကြသောကြောင့် ဖြစ်သည်..။
တစ်ခါတစ်ခါဆို အဲ့ကိစ္စကြောင့် နှစ်ယောက်သား ရန်ဖြစ်ရတာအမော..နောက်ဆုံး ဂျီမင့်ဘက်ကပဲ အလျှော့ပေးရသည်..။
ဒီလိုမှမဟုတ်ရင် သူတို့နှစ်ယောက် လမ်းခွဲမည့် အဆင့်ထိအောင် ရောက်နိုင်သည်..။သူနဲ့ဆော့ဂျင်ဟာ တက္ကသိုလ်မှာ စတွေ့ကြတာပေါ့. သူက နောက်ဆုံးနှစ်ဖြစ်ပြီး ဆော့ဂျင်က ပထမနှစ်ပေါ့..။
ဆော့ဂျင်ကလည်း ခေသူတော့မဟုတ် သူတို့အနုပညာမေဂျာမှာဆို King တစ်ယောက်ဖြစ်သည်..။
သူကလည်း ထိုနည်းတူပင်..သူကစီးပွားရေးမေဂျာပေါ့..မေဂျာမတူလည်း ဆော့ဂျင်တို့ဘက်ကိုမကြောင်းမရှိအကြောင်းရှာပြီး အမြဲသွားသည်..။ကြာလာတော့ တစ်ကျောင်းလုံးကတောင် သတိထားမိကြချေပြီ...။
သူလည်း ဆော့ဂျင်ကို ကျောင်းနောက်ဆုံးရက်မတိုင်မီ အပန်းဖြေခရီးထွက်တော့ ချစ်ခွင့်ပန်ခဲ့သည်..။
ဆော့ဂျင်က ချက်ချင်းပင် လက်ခံခဲ့သည်..။
သူမသိလိုက်သည်က ဆော့ဂျင်က ကျွန်တော့်ကို ကြိုက်နေခဲ့တာ သုံးနှစ်ရှီပြီတဲ့..အမြဲတမ်း ကျွန်တော်တို့ တက္ကသိုလ်ကို လာပြီး ကျွန်တော့်ကို လာချောင်းနေကြတဲ့..။
ကျွန်တော်မသိခဲ့..ဘာလို့ဆို အဲ့တုန်းက သူရည်းစားတွေမှိုလိုပေါက်အောင် ထားနေခဲ့သည်မဟုတ်လား?