Ones in the Millions (Part-42)
'သားက တစ်ခါ နှလုံး အစားထိုး ခွဲစိတ်ထား ဖူးတယ် နော်..´
တာဝန်ကျ ဆရာက သူ့ရှေ့ရှိ စာရွက်စာတမ်း များအား လှန်ကာ မေးလိုက်လေသည် ။
'Nae..´
Taemin ၏ အဖြေ အဆုံးတွင် သူတို့နှစ်ယောက် လုံး သိလို စိတ်ပြင်းပြစွာ ဆရာဝန် အား ကြည့်နေလိုက်လေသည်..။
'ဆေး စစ်ချက် အဖြေအရ အစားထိုး ထားတဲ့ ဘာမှ မဖြစ်ဘူး.. အကောင်းပဲ.. ဒါပေမယ့် သူက ဘာလို့ အောင့်အောင့် နေတာ လဲ??´
ဆရာဝန် ၏ အဆုံးတွင် Taemin ခေါင်းငုံ့ကာ ကြမ်းပြင်အား ငေးကြည့်နေမိတော့သည်..။ သူ သိချင်တာလဲ ထို အဖြေပင် ဖြစ်ပေသည်..။
'စိတ် ခံစားမှု နဲ့လဲ ဆိုင်မယ် ထင်တယ်.. တစ်ခုခု လို တစ်အား မခံစားနဲ့.. တစ်အား ခံစားပြီး စိတ်ခံစားချက် ဖိအား တွေ ကြောင့် နှလုံး ကို ထိနိုင်တယ်.. ပြီးတော့ သူက အစားလဲ ထိုးထားသေးတာ မို့ ပိုဂရုစိုက် ရမယ်..လက်ရှိ နှလုံးက သူ့ရဲ့ ဝန်ပိုတဲ့ စိတ်ခံစား မှုတွေ ကို မခံနိုင်တာ လဲ ဖြစ်နိုင်တယ်..´
'အဲ့တော့.. ဘယ်လို လုပ်ရမလဲ ဆရာ..´
'အကောင်းဆုံးနဲ့ အရိုးရှင်း ဆုံးကတော့ လူနာ ကို စိတ်ချမ်းသာ အောင် ထားပါ..။ စိတ်ညစ်စရာ တွေ သူ့ကို ပေးမသိနဲ့.. သားကလဲ ဘယ်အရာပဲ ဖြစ်ဖြစ် တအား မခံစား နဲ့..´
'Nae..´
သူ Taemin အား လှမ်းကြည့်လိုက်လေသည် ..။
//Lee Taemin..ဒီပုံနဲ့ ငါ နင့်ဆီက ဘယ်လို ထွက်သွားရမှာ လဲ?! //
'ဒါက လောလောဆယ် အခြေအနေ အတွက် ပြောတာ ပါ.. ဖြစ်နိုင်ရင် ဒီလဲ ထားတဲ့ အစိတ်အပိုင်း တွေ အပြင် တစ်ခြားဟာ တွေလဲ ဆေး စစ်စေချင်တယ်.. အခုဟာက ဘာဖြစ်မှန်း မသိသေးဘူး.. တစ်ခြား ကြောင့်လဲ ဖြစ်နိုင်တယ်..´
'Nae.. Aryasoe yo~´
သူနဲ့ Taemin နဲ့ ဆရာအား နှုတ်ဆက်၍ အခန်းထဲမှ ထွက်လာ ခဲ့တော့သည်..။
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...